တရုတ်တွင် ဒေသအချို့၌ ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်မှုသစ်များကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ကူးစက်ပျံ့နှံ့မှု တစ်ကျော့ပြန် ဖြစ်လာနိုင်သော အန္တရာယ်ကို ရင်ဆိုင်နေရစဉ် တရုတ်သည် ၎င်း၏ကုန်းလမ်း နယ်စပ်များမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုများကို ကြိုတင်ကာကွယ်ရန် ရင်းမြစ်များအား ပို၍ခွဲဝေပေးသွားမည် ဖြစ်ကြောင်း ဗဟိုအစိုးရက ဧပြီ ၈ တွင် အဆုံးသတ်ခဲ့သော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းဦးဆောင်ပြီး ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းအား ဦးစားပေးသော ထိုအစည်းအဝေးတွင် တရုတ်သည် ကူးစက်ခံ လူနာများနှင့် ရောဂါလက္ခဏာ မပြသူများအား ဖော်ထုတ်နိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ်နှင့် ရောဂါကာကွယ်သော ပဋိပစ္စည်းများကို စမ်းသပ်စစ်ဆေးခြင်းအား ချဲ့ထွင်သွားရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။
တရုတ်သည် ရောဂါစမ်းသပ်ရှာဖွေမှု နည်းပညာများကို တိုးတက်စေရန်နှင့် ရောဂါကာကွယ်ဆေးများ တီထွင်ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန်လည်း ရည်မှန်းထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
