မကွေးတိုင်းဒေသကြီး မကွေးမြို့ သုခိတာလမ်းအနောက်ဘက် မဲထီးလမ်း၏ဝဲဘက် တစ်ထပ်တိုက်ဆိုင်တန်းလျားရှိ ချိုချိုရတနာရွှေဆိုင်တွင် ဆိုင်ပိုင်ရှင်အား သေနတ်ဖြင့်ပစ်၍ ရွှေထည်အချို့ လုယူခံရမှု နိုဝင်ဘာ ၂၈ ရက် ( ယနေ့ ) မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
အဆိုပါ ရွှေဆိုင်သို့ အမျိုးသားနှစ်ဦး ဝင်ရောက်လာခဲ့ပြီး ရွှေထည်ပစ္စည်းများ ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ထို့နောက် ဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦးအား သေနတ်ဖြင့် ပစ်၍ ရွှေဆိုင်အတွင်းရှိ မှန်ရှိုးကေ့စ်ကို တူဖြင့် ရိုက်ခွဲကာ ရွှေလက်ဝတ်ရတနာ ၁၀ ကျပ်သားခန့်ကို လုယူ ထွက်ပြေးသွားခဲ့ကြောင်း ပြစ်မှုကျူးလွန်သူနှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင်၏ ဝဲဘက်လည်ပင်း အထက်အနီးတွင် ရှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း လူနာကို မကွေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး နား၊ နှာခေါင်း၊ လည်ချောင်းကု အဆောင်တွင် ကုသမှု ခံယူလျက်ရှိကြောင်း ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။
မကွေးမြို့တွင် နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်ကလည်း ပြည်တော်သာလမ်းနှင့် ဆေးရုံလမ်းထောင့် ယာဘက်အနီးရှိ ဆေးခန်းတစ်ခုအတွင်း ဝင်ရောက်၍ လူငယ်အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်ခဲ့သောကြောင့် ဆရာဝန်မကြီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ထိုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူအား ချက်ချင်းဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
