Top News

ထိုင်းနိုင်ငံတွင် အကြီးမားဆုံး ကျားဖြန့်ဂိုဏ်းကြီးကို ချင်းမိုင်ခရိုင်၌ ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံသား ရှစ်ဦး သံသယတရားခံအဖြစ် ပါဝင်နေ
24htopnews | November 30, 2024 3:12 AM CST

 

ထိုင်းနိုင်ငံတွင် အကြီးမားဆုံးကျားဖြန့် ဂိုဏ်းကြီးကို ချင်းမိုင်ခရိုင်တွင် ဖမ်းဆီးရမိပြီး မြန်မာ နိုင်ငံသား ရှစ်ဦးသံသယတရားခံအဖြစ် ပါဝင်နေကြောင်း ဘန်ကောက်ပို့စ်တွင် ဖော် ပြထားချက်အရ သိရှိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် အကြီးမားဆုံး ကျားဖြန့် အသုံးအဆောင် ပစ္စည်များစွာကို ဖမ်းဆီးရမိခဲ့ရာမှာ မြန်မာ နိုင်ငံသား ရှစ်ဦးမှာလည်း သံသယတရားခံ အဖြစ် ဖမ်းဆီးခဲ့ကြောင်း ထိုင်းဗဟိုစုံစမ်း စစ်ဆေးရေးဗဟို ကော်မရှင်နာက နိုဝင်ဘာ ၂၇ ရက်ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ချင်းမိုင်ရှိ ဆန်ဆိုင်း ဆန်ကမ်ဖန်းမြို့ များတွင် နိုဝင်ဘာ ၂၆ ရက်နေ့က နေရာ ၁၁ နေရာကို ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး အဖွဲ့ဝင်များ ဝင်ရောက်စီးနင်းရှာဖွေရာမှာ ဖုန်းဆင်းမ်ကတ် ၅၉၀၀၀၀ ပါ ဆင်းမ်ကတ် ဘူး ၆၄၂ ဘူး ၊ ကွန်ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁၄၅၅ လုံး၊ ဆင်းမ်ကတ် ျွနေိနမ ၄၇ ခု သိမ်း ဆည်းရမိခဲ့ပြီး ဒါဟာ ထိုင်းနိုင်ငံ ကျားဖြန့် ဒုစရိုက်လောက ဖမ်းဆီးရမိမှုထဲတွင် အကြီး မားဆုံးနှင့် အများဆုံး ဖမ်းဆီးရမိမှုဟု ကော် မရှင်နာက ထုတ်ပြန်ပြောကြားခဲ့သည်။

ဒုစရိုက်ကွန်ရက်မှာ ထိုင်း-တရုတ် ဂိုဏ်းနဲ့ ချိတ်ဆက်နေတဲ့ ကွန်ရက်ဖြစ်ပြီး ထိုင်းနိုင်ငံသား  နှစ်ဦး ၊ တရုတ်နိုင်ငံသား ငါး ဦးနှင့် မြန်မာနိုင်ငံသား ဦး စုစုပေါင်း ၁၅ ဦး ကို  သံသယတရားခံတွေအဖြစ် ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

ဖမ်းဆီးရမိသူတွေထဲတွင် အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီး ဂျီရာပန်ပရာကော့ ကစ်၏ ခင်ပွန်းမှာတရုတ်လူမျိုးဖြစ်ပြီးလက် ရှိမှာ လွတ်မြောက်နေသလို ယင်းဒုစရိုက် ကွန်ရက် ၏ခေါင်းဆောင်ဖြစ်မယ်လို့ ယူဆ ထားတယ်လို့ ဆိုပါသည်။

ဂျီရာပန်ဟာ လိမ်လည်မှုလုပ်ငန်းတွေ ဖော်ဆောင်ဖို့ ငှားထားတဲ့ အိမ်တွေနဲ့ ခိုင်း စေထားတဲ့ ဝန်ထမ်းတွေအတွက် အခကြေး ငွေတွေကို ပေးနေသူဖြစ်ပြီး များပြားလှစွာ သော ဆင်းမ်ကတ်တွေဟာ လူမှုကွန်ရက် အ ကောင့်တုတွေ လုပ်ဖို့ ထားရှိတာလို့ သိရပါ တယ်။ လူမှုကွန်ရက် အကောင့်တုတွေထည့် သွင်းအသုံးပြုတဲ့ မိုဘိုင်းဖုန်းတွေ လုံခြုံရေးကို ကာကွယ်ပေးတဲ့ စက်ပစ္စည်းတွေလည်း သိမ်း ဆည်းရမိခဲ့ပြီး ဂျီရာပန်က ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားက ဝယ်ပေးခဲ့တာလို့ ထွက် ဆိုထားကြောင်း သိရသည်။

                            


READ NEXT
Cancel OK