ညပိုင်းတွင် ယူကရိန်းဆိပ်ကမ်း အစ္စမေးလ် တိုက်ခိုက်ခံရချိန်အတွင်း အီရန်လုပ် ရုရှားဒရုန်းများသည် ရိုမေးနီးယားပိုင်နက် အတွင်းကျဆင်း ပေါက်ကွဲခဲ့သည်ဟု စက်တင် ဘာ ၄ ရက်တွင် ယူကရိန်းက ပြောကြားသည်။
သို့ရာတွင် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ် သောရိုမေးနီးယားက ယူကရိန်း၏ပြောကြားမှုများကို ပယ်ချခဲ့သည်။
“ယူကရိနး် နယ်ခြားစောင့်တပ်ရဲ့ပြောဆိုချက်အရ ရုရှားရဲ့ရှာဟက်ဒရုန်းတွေဟာ ညပိုင်းမှာ ရိုမေးနီးယားပိုင်နက်မှာ ကျဆင်းခဲ့ပြီး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုလက်နီကိုလင်ကိုက လူမှုမီဒီယာတွင် ပြောကြားသည်။
အစ္စမေးလ်ဆိပ်ကမ်းအနီးရုရှား အကြီးစားတိုက်ခိုက်မှုအတွင်း ယင်းဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ အစ္စမေးလ်ဆိပ်ကမ်းသည် ရိုမေးနီးယားကို ဖြတ်သန်းသွားသော ဒင်းညုမြစ်ကမ်းပေါ်တွင် တည်ရှိ သည်။
ရေပြင်အနီးတွင် မှောင်မည်းနေသောမီးခိုးလုံးများဖြစ်ပုံရသည့်ပုံကို ပြောရေးဆိုခွင့်ရှိသူက မျှဝေထားသည်။
အဆိုပါပုံ မှန်ကန်မှုရှိသည်ဟု အေအက်ဖ်ပီသတင်းဌာနက ချက်ချင်းအတည်ပြုနိုင်ခြင်းမရှိပေ။ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားသည်ဟု ဆိုသည်။
တိုက်ခိုက်ချိန်အတွင်း ရိုမေးနီးယားက ၎င်း၏နယ်မြေထဲကို ရုရှားဒရုန်းများ ကျဆင်းလာသည်ဆိုခြင်းကို ပြတ်ပြတ်သားသား ငြင်းဆန်ထားသည်။
ရုရှားဖက်ဒရေးရှင်းက အသုံးပြုသော တိုက်ခိုက်ရေး လက်နက်များသည် ရိုမေးနီးယားပိုင်နက် သို့မဟုတ် ရေပိုင်နက်ကို စစ်ရေးတိုက်ရိုက်ခြိမ်းခြောက်မှုမရှိဟု ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
