Top News

ထိုင်ဝမ်ကို တိုင်ဖွန်းမုန်တိုင်း ဟိုက်ကွေးဝင်ရောက်မှုကြောင့် မြေပြိုမှုများဖြစ်ပွား၊ အားကောင်းသော အပူပိုင်းမုန်တိုင်းအဖြစ် တရုတ်သို့ဦးတည်နေ
24htopnews | November 30, 2024 4:12 AM CST

စက်တင်ဘာ ၄ ရက်ကထိုင်ဝမ်ကျွန်းအနှံ့အပြားတွင် တိုင်ဖွန်းမုန်တိုင်း ဟိုက်ကွေး ဝင် ရောက်တိုက်ခတ်မှုကြောင့် ရာနှင့်ချီသည့် သစ်ပင်များလဲကျကာ ပင်လယ်ကမ်းခြေဒေသရှိလမ်းများ ပျက်စီးခဲ့ပြီး မိုးသည်းမှုများဖြစ်ပွားခဲ့ပြီးနောက် အဆိုပါမုန်တိုင်းသည် အားကောင်းသော အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားကာ တရုတ်နိုင်ငံတောင်ပိုင်းသို့ ဦးတည်လျက်ရှိသည်။

လေးနှစ်အတွင်း ထိုင်ဝမ်ကျွန်းသို့ ပထမဆုံး တိုက်ရိုက်ဝင်ရောက်မှုဖြစ်သည့် အကြီးဆုံးတိုင်ဖွန်းမုန်တိုင်းဖြစ်သည့်ဟိုက်ကွေးသည် စက်တင်ဘာ ၃ ရက်တွင် ထိုင်ဝမ်အ ရှေ့ပိုင်းသို့ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းမတိုင်မီထိုင်ဝမ်အာဏာပိုင်များက ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကာ လူထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ပြီးရာနှင့်ချီသော လေကြောင်းခရီးစဉ်များဖျက်သိမ်းခဲ့ကာ စီး ပွားရေးလုပ်ငန်းများကို ယာယီပိတ်သိမ်းခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း ဟိုက်ကွေးသည် ထိုင်ဝမ်ကျွန်းမှ ဆုတ်ခွာသွားပြီဟု ကနဦးယူဆခဲ့သော်လည်း စက်တင်ဘာ ၄ ရက် အစောပိုင်းက ထိုင်ဝမ်အနောက်တောင်ပိုင်း ကောင်းရှုံမြို့တွင် ဒုတိယအကြိမ် မြေပြိုမှုဖြစ်ပွားခဲ့သည်။ ထို့နောက် အဆိုပါမုန်တိုင်းသည် ထိုင်ဝမ်ရေလက်ကြားဆီသို့ ဆက်လက်ဦးတည် ရွေ့လျားခဲ့သည်။

မုန်တိုင်းဒဏ်ကြာင့် လူသေဆုံးမှုဖြစ်ပွားသည့် သတင်းများ ထွက်ပေါ်ခြင်းမရှိဘဲ မုန်တိုင်းကျရောက်စဉ်အတွင်း အသေးစား ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော် ရှိခဲ့ကြောင်း အာဏာပိုင်များ၏ အဆိုအရ သိရသည်။ ဒဏ်ရာ ရသူအများစုမှာ သစ်ပင်လဲကျခြင်းနှင့် ယာဉ်မတော်တဆမှုများကြောင့်ဖြစ်သည်။

လွန်ခဲ့သည့်တစ်ရက်က မုန်တိုင်းတိုက် ရိုက်ဝင်ရောက်ခဲ့သော ထိုင်ဝမ်အရှေ့ပိုင်းရှိ လူဦးရေပိုကျဲသည့် ပင်လယ်ကမ်းခြေဒေသဖြစ်သော ထိုင်ထုံတွင် အပျက်အစီးများ ဖြစ်ပေါ်ခဲ့သည်။

“ဒီလောက်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းကို မြင်ဖူးတာ ကျွန်တော့်တစ်သက်မှာ ပထမဆုံးပါပဲ”ဟု အသက် ၅၅ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်သည့် ချန်ဟိုင်ဖုန်းက ဆိုသည်။

ကယ်ဆယ်ရေးလုပ်သားများသည် လဲကျနေသည့် သစ်ပင်သစ်ကိုင်းများနှင့် ပြတ်ကျနေသည့် ဓာတ်ကြိုးများကို ဂရုတစိုက်ဖယ် ရှားရှင်းလင်းခဲ့သည်။

ထိုင်ဝမ်မြောက်ပိုင်း ချန်ပင်မြို့နယ်တွင် ပြင်းထန်သောလှိုင်းဒဏ်ကြောင့် တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့သည့် ပင်လယ်ကမ်းခြေပိုင်း အဝေးပြေးလမ်းမဆီသို့ ဧရာမကွန်ကရစ်တုံးများ သယ်ဆောင်လျက်ရှိသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် မြေပြိုမှုဖြစ်ပွားလေ့ရှိသော တောင်ထူထပ်သည့်ဒေသများမှ ဒေသခံများ အပါအဝင် လူ ၈,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။

အိမ်ခြေ ၂၆၀,၀၀၀ ကျော် ယာယီဓာတ်အားပြတ်တောက်ခဲ့ပြီး စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းအထိ အိမ်ခြေ ၂၂,၀၀၀ ခန့်သည် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေဆဲဖြစ်ကာ မိုးသည်းထန်မှုကြောင့် မြို့ပေါင်း ၁၄ မြို့တွင် စာသင်ကျောင်းများနှင့် စျေးဆိုင်များကို ပိတ်ထားဆဲဖြစ်သည်။

တိုင်ဖွန်းမုန်တိုင်း၏ အလယ်ဗဟိုသည် ကောင်းရှုံဆိပ်ကမ်းမြို့အနီးတွင် လှည့်ပတ်ရွေ့လျားနေရာမှ ကမ်းရိုးတန်းတစ်လျှောက် ဆက်လက်ရွေ့လျားပြီးနောက်တွင် မြေမျက်နှာသွင်ပြင် အတားအဆီးများကြောင့် တ ဖြည်းဖြည်း အားလျော့သွားသည်ဟု ထိုင်ဝမ်မိုးလေဝသ ဗဟိုဌာနမှ မိုးလေဝသပညာရှင်တစ်ဦးက ဆိုသည်။

နေ့လယ်ပိုင်းတွင် အဆိုပါမုန်တိုင်းသည် ထိုင်ဝမ်၏ အစွန်အဖျားကျသော ဖန်းဟူကျွန်း၏ အနောက်တောင်ဘက်သို့ ရွေ့လျားသွားကြောင်း သိရသည်။ မုန်တိုင်းဒဏ်ကြောင့် နေရာဒေသအများအပြားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။                  

Ref: AFP


READ NEXT
Cancel OK