မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များ တိတိကျကျ သက်ရောက်မှုရှိရန်နှင့် မြောက်ကိုရီးယားက ၎င်းတို့၏ဒုံးလက်နက် အစီအစဉ်အတွက် ငွေကြေးရရှိရန် တရားမဝင်လုပ်ဆောင်မှုများကို တားဆီးရန်လိုအပ်ကြောင်း လာမည့်အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဂျီ ၂၀ အစည်းအဝေးတို့တွင် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းပြောကြားမည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ပြောကြား ခဲ့သည်။
ယခုသီတင်းပတ်ထဲတွင် အင်ဒိုနီးရှားနိုင်ငံ၌ အာဆီယံထိပ်သီး အစည်းအဝေးနှင့် အိန္ဒိယ၌ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတို့ကို အသီးသီး ကျင်းပသွားမည်ဖြစ်သည်။
သမ္မတယွန်းသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများကို တက်ရောက်ရန် စက်တင်ဘာ ၅ ရက်မှစတင်၍ အင်ဒိုနီးရှားနိုင်ငံ ဂျာ ကာတာမြို့သို့ လေးရက်ကြာ သွားရောက်မည်ဖြစ်သည်။ စက်တင်ဘာ ၈ ရက်တွင် ဂျီ ၂၀ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ၎င်းသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ဆက် လက်ထွက်ခွာမည်ဖြစ်သည်။
“လာမယ့် အာဆီယံဆက်စပ် ထိပ်သီးအစည်းအဝေးတွေနဲ့ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားရဲ့ ရန်လိုမှုမြင့်တက်လာတဲ့ နျူကလီးယားနဲ့ ဒုံးလက်နက်အန္တရာယ်ကို ပြတ်ပြတ်သားသား တုံ့ပြန်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားဖျက်သိမ်းရေးအတွက် နီးနီးကပ်ကပ် အတူတကွ ပူး ပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းသွားမှာပါ”ဟု ယွန်းကပြောကြားခဲ့သည်။
“လက်ရှိချမှတ်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်သရွေ့ မြောက်ကိုရီးယားရဲ့ လူအစုလိုက်အပြုံလိုက် သေကျေပျက်စီးစေနိုင်တဲ့ လက်နက်တွေတီထွင်ရာမှာအသုံးပြုတဲ့ ဘဏ္ဍာရေးနည်းလမ်းတွေကို ထိထိရောက်ရောက်ဟန့် တားနိုင်မှာဖြစ်တယ်”ဟု ၎င်းကထပ်မံပြောကြားသည်။
အလွန်တင်းကျပ်သော ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကြောင့် စီးပွားရေးပြဿနာများ ပိုမိုနက်ရှိုင်းလာသော်လည်း မြောက်ကိုရီးယားသည် ယမန်နှစ်မှစတင်၍ ဒုံးလက်နက်စမ်းသပ်မှုများကို စံချိန်တင်လုပ်ဆောင်လျက်ရှိသည်။
မြောက်ကိုရီးယားသည် ဆိုက်ဘာတိုက်ခိုက်ခြင်းနှင့် တားမြစ်ခံကုန်ပစ္စည်းများ တင်ပို့ခြင်းကဲ့သို့ တရားမဝင် လှုပ်ရှားမှုများမှတစ်ဆင့် ၎င်း၏လက်နက်အစီအစဉ်အတွက် ငွေကြေးရှာဖွေနေသည်ဟု တောင်ကိုရီးယားတာ ဝန်ရှိသူများက ယူဆထားသည်။
မြောက်ကိုရီးယားသည် နျူကလီးယားထိပ်ဖူးအတုများ တပ်ဆင်ထားသည့် တာဝေးပစ်ခရုစ်ဒုံးကျည်များကို သမုဒ္ဒရာအတွင်းသို့ စမ်းသပ်ပစ်လွှတ်ခဲ့မှုနှင့်အတူ နည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်ရေး သရုပ်ဖော် စစ်ရေးလေ့ကျင့်မှုကို သီတင်းပတ်ကုန်က ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့် နည်းဗျူဟာမြောက် နျူကလီးယားတိုက် ခိုက်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ဒေသအဖြစ် သြဂုတ် ၃၀ ရက်က တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သည်။
Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
