ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ကာကွယ်ရေးဝန်ကြီး အိုလက်ဆီရာဇနီကော့ ရာထူးမှ ထွက်ခွာမည်ဟု စက်တင်ဘာ ၃ ရက်တွင် ကြေညာလိုက်ပြီး ရုရှားကျူးကျော်မှု အချိန်တစ်နှစ်ခွဲရှိလာချိန်တွင် ချဉ်းကပ်နည်းအသစ်များကို တောင်းဆိုလိုက်သည်။
ကြေညာချက်သည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော ရိုမေးနီးယားနှင့် နယ်နိမိတ်ထိစပ်နေသည့် နယ်စပ်ရှိ ဒင်းညုဆိပ်ကမ်းကို ထိမှန်ခဲ့သော ရုရှားဒရုန်းတိုက်ခိုက်မှုများကို ယူကရိန်းက ဟန့်တားခဲ့ပြီး နာရီပိုင်းအကြာ တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး စက်တင်ဘာ ၃ ရက်တွင် ရုရှားဒရုန်းများက အိုဒက်ဆာ တောင်ပိုင်းဒေသကို တိုက်ခိုက်လာခြင်းဖြစ်သည်။
“အိုလက်ဆီရီဇနီကော့ဟာ ရက်ပေါင်း ၅၅၀ ကျော် အင်ပြည့်အားပြည့် စစ်ပွဲကို ဖြတ်သန်းခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဟာ ချဉ်းကပ်နည်းအသစ်တွေ၊ ယေဘုယျအားဖြင့် စစ်တပ်နဲ့လူ့အဖွဲ့အစည်းနှစ်ခုစလုံးနဲ့အတူ အခြားအပြန်အလှန်သက်ရောက်မှုပုံစံတွေ လိုအပ်နေပါတယ်”ဟု ညစဉ် မိန့်ခွန်းတွင် ဇယ်လန်းစကီးက ထည့်သွင်း ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက ရာဇနီကော့နေရာကို အစားထိုးရန် ရပ်စတန်အူမာရော့ကို အမည်စာရင်းတင်သွင်းထားရာ ယူကရိန်းလွှတ်တော်၏ အတည်ပြုချက် လိုအပ်နေသေးသည်။ အူမာရော့သည် ခရိုင်းမီးယား တာတာ လူမျိုးဖြစ်ပြီး လွန်ခဲ့သောနှစ်က အစိုးရရင်း နှီးမြှုပ်နှံမှုရန်ပုံငွေအဖဲဲွ့၏ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။
ရာဇနီကော့ကို ဖယ်ရှားသည့် သတင်းသည် ယူကရိန်း တန်ပြန်ထိုးစစ်ဆင်နွှဲနေချိန်နှင့် ဥရောပသမဂ္ဂ မေတ္တာရပ်ခံချက်များကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့ လုပ်ဆောင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
