Top News

တိုင်ဖွန်း ဟိုက်ကွေး ထိုင်ဝမ်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်
24htopnews | November 30, 2024 4:12 AM CST

လေးနှစ်အတွင်း ထိုင်ဝမ်ကျွန်းသို့ တိုက်ရိုက်ဝင်ရောက်မှုဖြစ်သည့် ပထမဆုံးအကြီးဆုံးမုန်တိုင်းဖြစ်သည့် တိုင်ဖွန်းဟိုက်ကွေးသည် စက်တင်ဘာ ၃ ရက်တွင် ထိုင်ဝမ်အရှေ့ပိုင်းသို့ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းမတိုင်မီ ထိုင်ဝမ်အာဏာပိုင်များက ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ချိန်တွင် လူပေါင်းထောင်ချီဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပြီးရာနှင့်ချီသော လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ကာ စီးပွားရေးလုပ်ငန်းများကို ပိတ်ခဲ့သည်။

စက်တင်ဘာ ၃ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကို ဖြစ်စေခဲ့သော တိုင်ဖွန်းဟိုက်ကွေးသည် လူဦးရေနည်းပါးသည့် တောင်ထူထပ်သောကောင်တီဖြစ်သောတိုင်တန်းသို့ ဒေသစံတော်ချိန် ညနေ ၃ နာရီ  မိနစ် ၄၀ တွင် ဝင်ရောက်တိုက်ခတ်ခဲ့သည်ဟု ထိုင်ဝမ်ဗဟိုမိုးလေဝသဗျူရိုက ထုတ်ပြန်ခဲ့သည်။

ယင်းမုန်တိုင်းသည် ဒေသစံတော်ချိန် နံနက် ၉ နာရီအချိန်မတိုင်မီ ထိုင်ဝမ်အရှေ့ ပိုင်း မိုင် ၁၁၀ အကွာဝန်းကျင်ကို ရောက်ရှိ နေခဲ့သည်ဟု ထိုင်ဝမ်ဗဟိုမိုးလေဝသဗျူရိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ထိုင်ဝမ်၏ နေရာအများစုတွင် လေပြင်းများတိုက်ခိုက်တာတွေ၊ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ၊ လှိုင်းကြီးမှုတွေနဲ့အတူ အတော်များပြားတဲ့ ခြိမ်းခြောက်မှုတွေရှိလာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်”ဟု လက်ထောက်ဒါရိုက်တာ ဖွန်းချင်းဇူက ပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် အကာအကွယ်များရှိသည့်နေရာများတွင် နေထိုင်ကြရန် တိုက်တွန်းခဲ့သည်။

“မုန်တိုင်းက စက်တင်ဘာ ၂ ရက်နေ့ကတည်းက အင်အားအချို့စုစည်းထားပြီး စက်တင်ဘာ ၄ ရက်နေ့မှာတော့ အနောက်ပိုင်းကနေ ထိုင်ဝမ်ရေလက်ကြားကို ရွေ့လျားလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

တိုင်ဖွန်းကြောင့် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၉၅ မိုင်အထိရှိပြီး ပြည်တွင်း လေကြောင်းခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရကာ ကျွန်း၏ တောင်ပိုင်းနှင့်အရှေ့ပိုင်းနေရာများတွင် စက်တင်ဘာ ၃ ရက်၌ စီးပွားရေးလုပ်ငန်းများကို ပိတ်ထားခဲ့သည်။

“ပြည်သူတွေအနေနဲ့ တိုင်ဖွန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရေးတွေ လုပ်ကြဖို့ ကျွန်မသတိပေးလိုက်ပါတယ်။ ဒါ့ပြင်ဘေးကင်းမယ့်နေရာတွေမှာ နေထိုင်ပြီးအပြင်ထွက်တာမျိုး ဒါမှမဟုတ် အန္တရာယ်ရှိတဲ့လှုပ်ရှားမှုတွေ လုပ်တာမျိုးတွေ မပြုလုပ်ဖို့တိုက်တွန်းလိုပါတယ်”ဟု ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်က ပြောကြားခဲ့သည်။ မြို့ခုနစ်မြို့ရှိ လူ ၂၈၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့သည်ဟု အာဏာပိုင်များကဆိုသည်။

တောင်ထူထပ်သည့် ဟွာလီယန်ကောင်တီရှိ လမ်းများတွင် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက အဆက်မပြတ်ရွာသွန်းနေသည့်မိုးကြောင့် လူများပြတ်လပ်နေပြီး အရှေ့မြောက်ပိုင်းရှိ ယီလန်ကမ်းရိုးတန်းကောင်တီတွင် ကမ်းခြေကို ရိုက်ခတ်လာသည့် လှိုင်းလုံးကြီးများကို မြင်တွေ့ခဲ့ရသည်။

“ကျွန်တော် တိုင်ဖွန်းဝင်ရောက်တိုက်ခတ်မယ်ဆိုတာကို မေ့လုနီးပါးပါ။ မနေ့က (စက်တင်ဘာ ၂ ရက်) ရာသီဥတုတည်တည် ငြိမ်ငြိမ်ရှိနေပြီး တိုင်ဖွန်းဝင်လာတော့မယ်လို့တောင် မခံစားရပါဘူး။ ဒီနေ့(စက်တင်ဘာ ၃ ရက်)မှာတော့ ကျွန်တော်တိုင်ဖွန်းဝင်မယ်လို့ ခံစားရပါတယ်”ဟု စားသောက်ဆိုင်ပိုင်ရှင် ဟွမ်ဂျန်တောင်းက ပြောကြားခဲ့သည်။

“ဒီတစ်ကြိမ်တော့ မုန်တိုင်းကတော်တော်ပြင်းပါတယ်”ဟ ုအငြိမ်းစားစက်ပြင်ဆရာ ချန်ဂျီမင်းက ဆိုသည်။


READ NEXT
Cancel OK