အစ္စရေးတို့ သိမ်းယူထားသော ဂိုလန်ကုန်းပြင်မြင့်နှင့်လက်ဘနွန်ကြားရှိ နယ်စပ်ကို ခွလျက်တည်ရှိသော မျက်စိပသာဒဖြစ်သည့်ဂါဂျာ ရွာလေးသည် နှစ်ဖက်စလုံးရှိ ရန်လိုနေသောတပ်ဖွဲ့များအကြား တင်းမာမှုများအတွက် မိုးကြိုးလွှဲတစ်ခုဖြစ် လာသည်။
နောက်ဆုံးအကြိမ် တင်းမာမှု ဖြစ်ပွားခဲ့ချိန်က အစ္စရေးကာကွယ်ရေးဝန်ကြီး ရော့ဗ်ဂယ်လန့်နှင့်လက်ဘနွန်၏ သြဇာရှိသောဟက်ဇ်ဘိုလာ အကြီးအကဲ ဟက်ဆန်နက်ရယ်လာတို့က အခြားအကြမ်းဖက်မှုများမြင့်တက်လာပါက တစ်ဖက်နိုင်ငံကို ကျောက်ခေတ်သို့ ပြန်ပို့မည်ဟု ကတိပြုပြောကြားခဲ့ချိန်ကဖြစ်သည်။
ပန်းခင်းများနှင့် ရေခဲမုန့်ရောင်းချသည့် ကားများတည်ရှိရာ ဂါဂျာရွာလေး၏ ခြောက်ကပ်နေသောလမ်းများပေါ်တွင် မမြင်နိုင်သော နယ်နိမိတ်တစ်ခုသည် နှစ်ဘက်စလုံးအား တသီးတခြားဖြစ်စေရန် ရည်ရွယ်လျက်ရှိသည်။
“အပြာရောင်မျဉ်းကလေထဲမှာဖြစ်ပါတယ်”ဟု ဒေသခံအဘူယု ဆက်ဖ်ဟူစိန်တော်ဖစ်ခါတစ်က ၂ဝဝဝပြည့်နှစ်တွင် အစ္စရေးတပ်ဖွဲ့များက တောင်လက်ဘနွန်မှ ဆုတ်ခွာသွားချိန်၌ ကုလသမဂ္ဂကရေးဆွဲခဲ့သော ပိုင်းခြားသတ်မှတ်သည့်မျဉ်း ကို ရည်ညွှန်း၍ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြို့ကို ဖွင့်ပေးထားတာ ခင်ဗျားတို့တွေ့မှာပါ။ နယ်စပ်တွေ ဒါမှမဟုတ် ဘာတစ်ခုမှ မရှိပါဘူး”ဟု အသက် ၇၉ နှစ်အရွယ် ရိုးရာအဖြူရောင်ခေါင်းဆောင်ကို ဝတ်ဆင်ထားသည့်ထိုအမျိုးသားက ဆိုသည်။
သို့သော် သီတင်းပတ်များအစောပိုင်းက အစ္စရေးသည် အပြာရောင်မျဉ်း၏ လက်ဘနွန်ဘက်ခြမ်းတွင် သံဆူးကြိုးများကာထားသော အငြင်းပွားဖွယ်ခြံစည်းရိုးတစ်ခုကို စိုက်ထူခဲ့သည်။
ယင်းသည် ဧပြီလကနယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ထိုကဲ့သို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုသည်အစ္စရေးနှင့် ဟက်ဇ်ဘိုလာကြား ဆိုးရွားသောစစ်ပွဲဖြစ်ပွားခဲ့သည့် ၂၀၀၆ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သည်။ ယင်းနှင့်အခြားဖြစ်စဉ်များသည် အသစ်ပြန်လည်ဖြစ်ပွားသော ပဋိပက္ခအပေါ် စိုးရိမ်မှု ဖြစ်ပေါ်စေခဲ့သည်။
မှားယွင်းသောတွက်ချက်မှုတိုင်းသည် ဆိုးရွားသောအကျိုးဆက်များ ရှိစေသည်။ ၂၀၀၆ နှစ်လက လနှင့်ချီ၍ဖြစ်ပွားခဲ့သောစစ်ပွဲအတွင်း လက်ဘနွန်တွင် လူ ၁၂၀၀ ခန့် သေဆုံးခဲ့ကာအများစုမှာအရပ်သားများဖြစ်ပြီး အစ္စရေးဘက်တွင် သေဆုံးသူ ၁၆၀ ခန့်ရှိကာအများစုသည် စစ်သားများဖြစ်သည်။
လက်ဘနွန်က ဂါဂျာခြံစည်းရိုးသည် ရွာ၏မြောက်ဘက်ပိုင်းကိုအစ္စရေးတို့က တစ်ဖက်သတ်သိမ်းယူမှု အဖြစ်ပြစ်တင်ရှုတ်ချခဲ့သည်။
ဇူလိုင် ၆ ရက်က လက်ဘနွန်နယ်မြေမှ အတားအဆီးသစ်ဆီသို့ တင့်ကားဖျက်ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့များက လက်တုံ့ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုများဖြစ်ပွားနေသော်လည်း ဂါဂျာဒေသခံ နာလာဆေ့က လက်ရှိအချိန်၌ အစ္စရေးသည်ဘေးကင်းလုံခြုံသည်ဟု အခိုင်အမာပြောကြားခဲ့သည်။
“အနာဂတ်မှာတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော် ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင် နေချင်တာပဲ သိပါတယ်”ဟု အသက်၆၃ နှစ်အရွယ်ဆေ့ဒ်က ၎င်း၏နေအိမ် အပြင်ဘက်အရိပ်အောက်တွင် ထိုင်လျက်ပြောကြားခဲ့သည်။
၁၉၆၇ ခုနှစ်က ခြောက်ရက်ကြာ စစ်ပွဲတွင် အစ္စရေးကဆီးရီးယားမှ ဂိုလန်ကုန်းပြင်မြင့်ကို သိမ်းပိုက်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် နိုင်ငံတကာအသိုင်းအဝိုင်းက လုံးဝအသိအမှတ်မပြုသည့် လှုပ်ရှားမှုအဖြစ် ၎င်းကိုပူးတွဲပေါင်းစည်းခဲ့ပြီးနောက် ဂါဂျာကျေးရွာတွင် လူသုံးထောင်ဝန်းကျင်ရှိပြီး ၎င်းတို့သည်အစ္စရေးနိုင်ငံသားအဖြစ် ခံယူထားကြသည်။
“ဒေသခံတွေက ကျွန်တော်တို့ရဲ့ကိုယ်ပိုင်နေအိမ်တစ်ဝိုက်မှာ ခြံစည်းရိုးတွေဆောက်ပိုင်ခွင့်ရှိပါတယ်”ဟု ရွာ၏ပြောရေးဆိုခွင့်ရှိသူ ဘီလယ်ခါတစ်ဘ်ကဆိုသည်။
“ကောင်စီက စည်းရိုးကိုတည်ဆောက်ခဲ့ပြီး ဒီကနေအိမ်တွေကို ကာကွယ်ပေးခဲ့ပါတယ်။ ဒုတိယအကြောင်းပြချက်ကတော့ တောရိုင်းတိရစ္ဆာန်တွေ ရွာထဲဝင်မလာအောင် ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
ပူပြင်းသောနေရောင်အောက်တွင် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များသည် မီတာများစွာမြင့်မားသည့် ခြံစည်းရိုးအသစ်၏ မြောက်ဘက်ပိုင်းတွင် ကင်းလှည့်နေကြပြီး ဝက်ဇ်ဇာနီရွာက လက်ဘနွန်နေအိမ်များကို စစ်ဆေးလျက်ရှိသည်။
“မကြာသေးမီနှစ်တွေတုန်းက အစ္စရေးရဲ့ ဗုံးကြဲမှုကြောင့် လူတွေ၊ ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့ကြပါတယ်။ ဒါပေမဲ့လူတွေက ရွာကိုစွန့်ခွာမသွားကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေကသူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအရင်းအမြစ်နဲ့ ချည်နှောင်ထားလို့ဖြစ်ပါတယ်”ဟု ဝက်ဇ်ဇာနီမြို့တော်ဝန် အာမက်အယ်မိုဟာမက်က လက်ဘနွန်တောင်ပိုင်းတွင် အေအက်ဖ်ပီသတင်းထောက်များကို ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
