Top News

မတိုးသာ၊ မဆုတ်သာဖြစ်နေသည့် ယူကရိန်း၏ တန်ပြန်ထိုးစစ်
24htopnews | November 30, 2024 4:12 AM CST

ယူကရိန်း၏ လနှင့်ချီကြာမြင့်လာသည့် တန်ပြန်ထိုးစစ်သည် သေရေးရှင်ရေးတမျှ အရေးကြီးသည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။

ခက်ခဲသော တိုက်ပွဲများ သီတင်းပတ်များစွာကြာ ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းတပ်ဖွဲ့များသည် ဇာပိုရီရှားဒေသ၏ တောင်ပိုင်းသို့ ဝင်ရောက်ပြီး ကျေးရွာများကို တစ်ရွာပြီးတစ်ရွာ ပြန်လည်သိမ်းယူနေစဉ် ရုရှားတပ်ဖွဲ့များကလည်း ယူကရိန်း၏ တန်ပြန်ထိုးစစ်ကို ဟန့်တားရန် ကြိုးပမ်းနေသည်။

ယူကရိန်းတောင်ပိုင်းတွင်ဖြစ်ပွားနေသည့် တန်ပြန်ထိုးစစ်သည် ဇာပိုရီရှားဒေသရှိ ဗာစီလစ်ဗ်ကာမြို့မှ အရှေ့ပိုင်း ဒွန်းဘက်စ်ဒေသရှိ ဒိုးနက်မြို့နှင့် မြောက်ပိုင်း ဒိုးနက်ဒေသရှိ ဘက်ခ်မွတ်မြို့နှင့် အရှေ့မြောက်ပိုင်း ကူပီးယန့်စ်မြို့ ဆင်ခြေဖုံးရပ်ကွက်များအထိ ပျံ့နှံလျက်ရှိသည်။

ယူကရိန်းတပ်ဖွဲ့များသည် နိုင်ငံတောင်ပိုင်းဒေသသို့ ချီတက်ဝင်ရောက်လာမှုအပေါ် ထင်ကြေးပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကာ ထိုတန်ပြန်ထိုးစစ်သည် တန့်နေသည့် အနေအထားတွင် ရှိနေသည်။

မိုင်းများ ထူထပ်စွာ ထောင်ထားသည့် ရှေ့တန်းစစ်မြေပြင်တွင် ရုရှား၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒုံးကျည်တိုက်ခိုက်များကြောင့် တန်ပြန်ထိုးစစ်သည် မျှော်မှန်းထားသကဲ့သို့ ထိရောက်မှုမရှိခဲ့ပေ။

နှစ်ဖက်စလုံး၏ စစ်သားများသည် တစ်ဖက်နှင့် တစ်ဖက် လှုပ်ရှားမှုများကို ဒရုန်းများဖြင့် အလွယ်တကူ ခြေရာခံသိရှိနိုင်သည်။

ရုရှား၏ စနစ်တကျ ပြင်ဆင်ထားသည့် ရှေကတန်းစစ်မြေပြင် အနေအထားကြောင့် ယူကရိန်းတပ်များ ချီတက်မှုသည် လပေါင်းများစွာကြာ အခက်တွေ့ခဲ့ရသည်။

နှစ်နိုင်ငံ စစ်သားများအကြား သေဆုံးမှုနှုန်းမှာလည်း မြင့်တက်ခဲ့ပြီး ယူကရိန်း တပ်မှူးများအနေနှင့် တန်ပြန်ထိုးစစ်ကို အလောတကြီး လုပ်ဆောင်မည်ဆိုပါက ယူကရိန်းဘက်မှ အကျအဆုံး ပိုမိုများပြားနိုင်သည်။

လက်ရှိတွင် ပထမဆုံးအကြိမ်အဖြစ် ရုရှား၏ ခံစစ်စည်းကို ပထမအကြိမ် ချိုးဖောက်နိုင်ခဲ့သည်။

ယူကရိန်းတပ်များသည် ဇာပိုရီရှားမြို့ရှိ ရိုဘော့ညီကျေးရွာကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး နောက်ထပ်ကျေးရွာတစ်ရွာဖြစ်သည့် နိုဗိုပရိုကိုပီဗ်ကာကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။

တိုမက်မြို့သည် ခရိုင်းမီးယား ကျွန်းဆွယ်၏ လည်တိုင်နားတွင်ရှိ သည့် မီလီတိုပိုလ်မြို့ကို ပြန်လည်သိမ်းပိုက်ရန် အဓိကကျသည့် ရထားလမ်းဆုံမြို့ဖြစ်သည်။

ထိုမြို့သည် ရှေ့တန်းစစ်မြေပြင်၏ နောက်ဘက် ကီလိုမီတာ ၂၀ အကွာတွင် တည်ရှိပြီး ပတ်ပတ်လည်တွင် ခံစစ်စည်းရှိသည်။

ခိုင်မာစွာတည်ဆောက်ထားသည့် ခံတပ်မြို့များကို ချဉ်းကပ်မှုများတွင် ရုရှား၏ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ယူကရိန်းဘက်မှ ချီတက်မှုများသည် တစ်ကီလိုမီတာစီတိုင်းတွင် ပေးဆပ်ရလိမ့်မည်ဖြစ်သည်။

ရုရှား၏ စစ်ရေးသယ်ယူပို့ဆောင်မှုများသည် ရထားလမ်းစနစ်များအပေါ်တွင် အလွန်အမင်း မှီခိုထားရသည်။ သို့သော် ထိုရထားလမ်းကွန်ယက်သည် ယူကရိန်း၏ လက်နက်ကြီးတိုက်ခိုက်မှုများ၊ HIMARS ရော့ကတ်များနှင့် Storm Shadow ခရုစ်ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများကြောင့် ဖိအားများအောက်တွင် ရောက်ရှိနေသည်။

တိုမက်မြို့၏ အရေးကြီးပုံကို သိရှိနားလည်ထားသည့် ရုရှားစစ်တပ်သည် ထိုမြို့သို့ တပ်ဖွဲ့များကို အင်အားအများအပြား ဖြည့်တင်းခဲ့သည်။

ယူကရိန်းတပ်များအနေဖြင့် ထိုမြိုကို ထိခိုက်ကျဆုံးမှုအများအပြားဖြင့် တိုက်ရိုက်ဝင်တိုက်ရန် သို့မဟုတ် ထိုမြို့၏ ရထားလမ်းကွန်ရက်ကို ဖြတ်တောက်ရန် အစရှိသည့် ရွေးချယ်မှုများကို ပြုလုပ်ရမည်ဖြစ်သည်။

လက်ရှိတွင်မူ ယူကရိန်းတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်သည် ရုရှား၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကြောင့် မျှော်မှန်းထားသကဲ့သို့ တိုးတက်မှုမရှိသေးဘဲ နှင်းများ ထူထပ်စွာ ကျဆင်းလာမည့် ဆောင်းရာသီ မတိုင်မီ နှစ်ဖက်စလုံးအနေဖြင့် တိကျပြတ်သားသည့် အနိုင်ကို ရရှိရန်  အလွန်အရေးကြီးသည့် အချိန်ဖြစ်သည်။


READ NEXT
Cancel OK