သိပ္ပံပညာရှင်များက ဖလော်ရီဒါတွင် ကုန်းတွင်းကို ဝင်ရောက်ခဲ့ သော အိုင်ဒါလီယာကဲ့သို့သောဟာ ရီကိန်းမုန်တိုင်းများနှင့်စပ်လျဉ်း၍ လူသားကြောင့်ဖြစ်ရသော ရာသီဥ တု ပြောင်းလဲမှုများ၏ သက်ရောက်မှုကို သတိပေးလျက်ရှိသည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုများက ဟာရီကိန်းမုန်တိုင်းများဖြစ်ပေါ်ရန် အားကောင်းစေသည့်အချက်များကို ဖော်ပြလိုက်ပါသည်။
မေလတွင် အမေရိကန်အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာအဖွဲ့ (NOAA) က ဇွန်လ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ပုံမှန်နီးပါးဖြစ်လာသော အတ္တလန်တိတ်ဟာရီကိန်းရာသီကို ခန့်မှန်းထားသည်။
အယ်နီညို ကမ္ဘာ့မိုးလေဝသပုံစံကြောင့် ယင်းသို့ခန့်မှန်းခြင်းဖြစ်သည်။ အဆိုပါ မိုးလေဝသပုံစံသည် အတ္တလန်တိတ်သမုဒ္ဒရာ၌ သာမန်ထက်ပိုမြင့်သော ဒေါင်လိုက်လေစီးကြောင်းများကို ဖြစ်ပေါ်စေရာ အမြင့်ပိုင်း၌ ဖြစ်ပေါ်သော အဆိုပါလေစီးကြောင်းများက တစ်ဖန်ဟာ ရီကိန်းလှုပ်ရှားမှုကို ထိန်းချုပ်ထား သည်။
“အမြင့်ပိုင်း လေစီးကြောင်းထဲမှာ ကြီးကြီးမားမား အပြောင်းအလဲတွေရှိမယ်ဆိုရင် အဲဒါဟာ ခြောက်သွေ့ပြီး အနိမ့်စွမ်းအင်ရှိတဲ့လေကို အပူပိုင်းဆိုင်ကလုန်းရဲ့အူတိုင်ထဲကိုရောက်သွားစေပြီးတော့ ဆိုင်ကလုန်းအားကောင်းလာတာကို ဟန့်တားပါတယ်”ဟု ဖလော်ရီဒါပြည်နယ်ရှိ လေထုဆိုင်ရာ သိပ္ပံပညာရှင်အယ်လီဆင်ဝင်းကပြော ကြားသည်။
သို့ရာတွင် သြဂုတ်လ ရောက်လာသည့်အခါ NOAA က ဟာရီကိန်းရာသီအတွက် ခန့်မှန်းချက်ကို သာမန်အထက်ရှိမည်ဟု ခန့်မှန်းလိုက်သည်။ စံချိန်တင်ပူသော အတ္တလန်တိတ် သမုဒ္ဒရာရေမျက်နှာ ပြင်ကဲ့သို့သော သမုဒ္ဒရာနှင့် လေထုဆိုင်ရာအခြေအနေများကို အခြေခံ၍ ခန့်မှန်းခြင်းဖြစ်သည်ဟုဆိုသည်။
အတ္တလန်တိတ်ရေမျက်နှာပြင် အပူချိန်များသည် ဖြစ်ပေါ်နေသော အယ်နီညိုဖြစ်စဉ်နှင့်ဆက်စပ်လျက်ရှိသည့် လေထုဆိုင်ရာ အခြေအနေများကို ကန့်သတ်ထားရန် ပြန်လည် ထေပေးနိုင်သည်။
“ကျွန်တော့်တို့မှာဖီလာဆန့်ကျင်နေတဲ့ အကြောင်းအရင်းနှစ်ရပ်ရှိနေတာကြောင့် ရာသီအလိုက် ခန့်မှန်းချက်တစ်ခုလုံးနဲ့ပတ်သက်ပြီး စဉ်းစားရတဲ့အပိုင်းမှာ ခက်ခဲတဲ့နှစ်လို့ ဆိုရမှာဖြစ်ပါတယ်”ဟု ဝင်းကပြောသည်။
ထင်သာမြင်သာအရှိဆုံးဥပမာတစ်ခုမှာ ယခုနှစ် ဇူလိုင် ၂၄ ရက်က ဖလော်ရီဒါတောင်ဘက်အဖျားစွန်းတွင် အမြင့်ဆုံးအပူချိန်သည် ၁၀၁ ဒသမ ၁ ဒီဂရီဆဲလ်စီယပ်(၃၈ ဒသမ ၄ ဒီဂရီဆဲလ်စီယပ်)ရှိခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါအပူချိန်သည် ရေနွေးစည်ပိုင်းထဲက အပူချိန်လောက်ရှိပြီး ကမ္ဘာ့စံချိန်သစ်ဟုပင် ဆိုနိုင်စရာရှိသည်။
“သမုဒ္ဒရာမျက်နှာပြင်နဲ့ မျက်နှာပြင်အောက်က ပူနွေးတဲ့ရေတွေဟာ အပူပိုင်းမုန်တိုင်းတွေနဲ့ဟာရီကိန်းမုန်တိုင်းတွေကို အားကောင်းလာစေတဲ့ လောင်စာကို ဖြစ်ပေါ်စေပါတယ်”ဟု ပင်ဆီဗေးနီးယားတက္ကသိုလ်က ရာသီဥတုပညာရှင် မိုက်ကယ်မန်းက ပြောသည်။ “အဲဒါက အပူပိုင်းမုန်တိုင်းတွေနဲ့ ဟာရီကိန်းမုန်တိုင်းတို့ကို မြန်မြန်အားကောင်းစေပြီး ပြင်းထန်မှုအမြင့်ဆုံး ဖြစ်စေပါတယ်”ဟု ၎င်းကပြောသည်။
ဟာရီကိန်းမုန်တိုင်းဖြစ်ပေါ်ရန် မှန်ကန်သောအခြေအနေများ လိုအပ်နေဆဲဖြစ်သည်။ သို့ရာတွင် မုန်တိုင်းဖြစ်ပေါ်မည့်အခြေအနေများဖြစ်လာသည့်အခါ မုန်တိုင်းများသည် အင်အားပြင်းထန်သောလေများဖြစ်လာရန်နှင့် ပိုမိုကြီးမားသော မုန်တိုင်းဒီရေတို့ ဖြစ်လာစေရန် ပူနွေးနေသောသမုဒ္ဒရာများကို အခွင့်ကောင်းယူအသုံးချသွားလိမ့်မည် ဖြစ်သည်။
“အံစာတုံးခေါက်တဲ့ပုံစံအတိုင်း ရာသီဥတုပြောင်းလဲမှုကို စဉ်းစားနိုင်ပါတယ်”ဟု ဝင်းက ဖြည့်စွက်ပြောသည်။ “မုန်တိုင်းတစ်ခုစီအတွက် ဖြစ်နိုင်ဖွယ်ရလဒ်အမျိုးမျိုး ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အင်အားပိုပြင်းထန်တဲ့ မုန်တိုင်းတွေဖြစ်ပေါ်ဖို့ အခွင့်အလမ်းအလမ်းကောင်းကောင်းရှိနေပေါ့”ဟု ၎င်းကပြောသည်။
အင်အားအပြင်းဆုံး ဟာရီကိန်းမုန်တိုင်းများကို ဖြစ်ပေါ်စေသည့်အပြင် ရာသီဥတုပြောင်းလဲမှုက မိုးအများအပြား ရွာစေနိုင်သည်ဟု အန်ဒရူးခရက်ကီဝစ်က ပြောသည်။ အန်ဒရူးခရက်ကီဝစ်သည် ကိုလံဘီယာတက္ကသိုလ်ရှိ ရာသီဥတုနှင့် လူ့အဖွဲ့အစည်းအတွက် နိုင်ငံတကာ သုတေသနသိပ္ပံက လေထုဆိုင်ရာပညာရှင် သုတေသီတစ်ဦး ဖြစ်သည်။
“လေထုက ပိုမိုပူနွေးလေလေ ရေကို ထိန်းထားနိုင်တဲ့ပမာဏ ပိုများလေလေပါပဲ။ ဒါဟာ မိုးအများအပြားရွာတဲ့ ဖြစ်စဉ်တွေကို ပိုများလာစေပါတယ်”ဟု ၎င်းကပြောသည်။
ရာသီဥတုပြောင်းလဲမှုသည် လွန်ခဲ့သောနှစ်ကဖြစ်ပေါ်ခဲ့သည့် ဟာရီကိန်းအီယန်ကြောင့်ရွာခဲ့သော မိုးရေချိန်ပမာဏကိုအနည်းဆုံး ၁၀ ရာခိုင်နှုန်းတိုးလာစေသည်ဟု မကြာသေးမီက လုပ်ဆောင်ခဲ့သော သုတေသနတစ်ခုအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
