Top News

လုံခြုံရေးအတွက် ချဒ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဆူဒန်နိုင်ငံသားများ
24htopnews | November 30, 2024 4:12 AM CST

သီတင်းပတ်ပေါင်းများစွာအိမ်တွင် ပုန်းအောင်းခဲ့ပြီးနောက် ဒါဖာမြို့တော်ရှိ ဆူဒန်ဒုက္ခသည်များသည်  ပြည်သူ့စစ်များကို ရှောင်လွှဲခဲ့ပြီးနောက် ၎င်းတို့၏ကလေးများကို ကျော၌ပိုးကာ အိမ်နီးချင်းချဒ်နိုင်ငံသို့ ခြေလျင်ခရီးဖြင့် ထွက်ပြေးလာခဲ့ကြသည်။

လက်ရှိတွင် ဆူဒန်၏ကျယ်ပြန့်သော အနောက်ဘက်ပိုင်းနယ်စပ်နှင့် ထိစပ်နေသော ချဒ်နိုင်ငံအရှေ့ပိုင်း အေဒရီမြို့ရှိ အော်ရာစခန်းတွင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ထောက်ပ့ံပေးထားသော တဲများဖြင့် နေထိုင်လျက်ရှိသည်။

ဆူဒန်စစ်တပ်နှင့် ၎င်း၏မဟာမိတ်ဟောင်း အရန်တပ်ဖွဲ့ဖြစ်သည့် Rapid Support Force (RSF)တို့ကြား သွေးစွန်းတိုက်ပွဲများဖြစ်ပွားမှု လေးလကြာပြီးနောက် ယင်းဒုက္ခသည်များသည် ဒုက္ခသည် ၄၃၀,၀၀၀ ဝန်းကျင်တွင် အပါအဝင်ဖြစ်ပြီးအများစုသည်ချဒ်နယ်စပ်ကိုဖြတ်သန်းလာကြသော ဆူဒန်အမျိုးသမီးများနှင့်ကလေးများဖြစ်သည်။

ယာယီတဲအိမ်၏ ကြမ်းပြင်တွင် ထိုင်နေသော အသက် ၃၀ အရွယ် ဟာဝါမိုဆာက ၎င်း၏ပေါင်ပေါ်တွင် မွေးကင်းစကလေးလေးကို တင်ထားခဲ့သည်။

အနောက်ဒါဖာပြည်နယ်တွင် တိုက်ပွဲများစတင်ဖြစ်ပွားသည့် ဇွန်လတွင် ၎င်း၏အစိုးရအသတ်ခံခဲ့ရပြီး RSF ၏မဟာမိတ်ဖြစ်သည့် အာရပ်ပြည်သူ့စစ်များ၏ကွပ်မျက် ခံရမည့်အရေးကို စိုးရိမ်ခဲ့ကြသည်။

မိုဆာနှင့် ၎င်း၏ကလေးများသည် ညသန်းခေါင်အချိန်တွင် ထွက်ပြေးလာခဲ့ကြသည်။ “အဲဒီအချိန်တုန်းက ကျွန်မကိုယ်ဝန်ကြီးနဲ့ပါ။ ကျွန်မရဲ့ အငယ်ဆုံးကလေးကိုကျော ပိုးပြီး အကြီးဆုံးကို လက်ဆွဲကာ ထွက်ပြေးခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

ဒါဖာမြို့တွင် မျိုးနွယ်စု ပဋိပက္ခတစ်ခုလည်းထပ်မံဖြစ်ပွားလျက်ရှိသည်။

၂၀၀၃ ခုနှစ်က ခါတွန်မြို့တော်ရှိ အိုမာအယ်ဘာရှား၏အစိုးရသည် လူနည်းစုမျိုးနွယ်စုသူပုန်များနှင့် ၎င်းတို့ကို ထောက်ခံသည်ဟုသံသယရှိသော အရပ်သားများကို RSF ၏ရှေ့ပြေး Janjaweed ပြည်သူ့စစ်အဖွဲ့ကို အသုံးပြု၍ နှိမ်နင်းခဲ့သည်။

ယင်းပဋိပက္ခတွင် လူသုံးသိန်း ကျော်သေဆုံးခဲ့ပြီး လူ ၂ ဒသမ ၅ သန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်ဟု ကုလသမဂ္ဂကဆိုသည်။

နိုင်ငံတကာရာဇဝတ်မှုခုံရုံးက ဘာရှားနှင့် အခြားသူများကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခဲ့သော်လည်း အညံ့ခံသည့်သံသယရှိသူတစ်ဦးတည်းကိုသာ ခုံရုံတင်စစ်ဆေးနိုင်ခဲ့သည်။

လက်ရှိတွင် အာရပ်ပြည်သူ့စစ်များသည် တစ်ဖန် အာရပ်မဟုတ်သော အရပ်သားများကို ခြိမ်းခြောက်လာခဲဲ့သည်ဟု အသက်ရှင်ကျန်ရစ်သူများကဆိုသည်။

ဧပြီ ၁၅ ရက်တိုက်ပွဲများမဖြစ်ခင်က ပြင်သစ်နိုင်ငံအရွယ်အစားခန့်ရှိသည့် ဒါဖာမြို့တွင် နေထိုင်သူဦးရေသည် နိုင်ငံ့လူဦးရေ ၄၈ သန်း၏ လေးပုံတစ်ပုံခန့်ရှိသည်။

လက်ရှိတွင် ဒုက္ခသည်အချို့ သည်အစောပိုင်းပဋိပက္ခများတွင်အလားတူကံကြမ္မာကို ကြုံတွေ့ခံစားခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် အိုးမဲ့အိမ်မဲ့ဖြစ်လာကြသည်။

သမိုင်းတစ်ပတ်ပြန်လည်မည်ကို စိုးရိမ်မှုများနှင့်အတူ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးက စစ်ရာဇဝတ်မှုသံသယများဖြင့် ထပ်မံစုံစမ်းနေသည်။

အော်ရာဒုက္ခသည်အများစုသည် အနောက်ဒါဖာပြည်နယ်မြို့ တော်အယ်ဂျီးနီးယားမှ ထွက်ပြေးလာကြသူများဖြစ်ကာ မကြာသေးမီ ရက်အနည်းငယ်အတွင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိသည်ဟု ကုလသမဂ္ဂကထုတ်ပြန်ခဲ့သည်။

ဆက်သွယ်ချိတ်ဆက်မှုများ ပြတ်တောက်နေပြီး သတင်းစီးဆင်းမှုကလည်း နှေးကွေးသောကြောင့် ဆူဒန်နိုင်ငံ၏ အခြားနေရာများတွင်လည်း တိုက်ခိုက်မှုများဖြစ်ပွားနေသောကြောင့် သေဆုံးသူအရေအတွက်သည် မြင့်တက်လာနိုင်ခြေရှိသည်ဟု ဆိုသည်။

အလောင်းများကို လမ်းများပေါ်တွင် စွန့်ပစ်ထားကြကာလက် ရှိတွင် ယင်းအလောင်းများသည်အပူဒဏ်ကြောင့် ပုပ်သိုးဆွေးမြည့်လာကြသည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) နှင့် အခြားစောင့်ကြည့်သူများ၏ အစီရင်ခံမှုများအရ ရိုက်နှက်မှုများ၊တရားစီရင်မှုမရှိဘဲ ရာဇဝတ်မှုများအတွက် သဘောဆန္ဒအလျောက်ကွပ်မျက်မှုများ၊ လုယက်မှုများ၊နေအိမ်များနှင့်စီးပွားရေးလုပ်ငန်းများ မီးရှို့ခံရမှုများတို့ ဖြစ်ပွားနေသည်ဟု ဆိုသည်။

“ကျွန်မတို့ကို ထွက်ပြေးဖို့ပြော ပါတယ်။ ဒါပေမဲ့ကျွန်မတို့ လေးယောက်ဒဏ်ရာရရှိခဲ့တယ်။ ကျွန်မတို့ အယ်ဂျီနီနာတစ်ဝိုက်မှာ ခုနစ်ရက်လောက် ခြေဗလာနဲ့ လျှောက်သွားခဲ့ရတယ်”ဟု အသက် ၄၁နှစ်အရွယ် ဆွတ်အီဘရာဟင်က အပြာရောင်ယာယီတဲအပြင်ဘက် သဲပြင်တွင် ထိုင်လျက် မျက်ရည်များကျ၍ ပြောကြားခဲ့သည်။


READ NEXT
Cancel OK