Top News

အာရှတစ်ဝန်းတွင် အပူချိန်များ စံချိန်တင်မြင့်တက်
24htopnews | November 30, 2024 4:12 AM CST

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ သက်ရောက်မှုအပေါ် အထောက်အထားအသစ်တစ်ရပ်အဖြစ် အိန္ဒိယနွေရာသီမှ သြစတြေးလျဆောင်းရာသီအထိ အာရှတစ်ဝန်းတွင် အပူချိန်စံချိန်တင် မြင့်တက်နေသည်ဟု  အာဏာပိုင်များက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

ဂရိမှသည် ကနေဒါအထိ နိုင်ငံများသည် စံချိန်တင်အပူချိန်နှင့် လူအသေအပျောက်ရှိသော တောမီးများနှင့် ရင်ဆိုင်နေရချိန်တွင် ပူပြင်းသော အပူချိန်သည် ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များ၏ ကာလကြာရှည် သတိပေးချက်များနှင့် ကိုက်ညီလျက်ရှိသည်။

ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး အိန္ဒိယနိုင်ငံတွင် မှတ်တမ်းစတင်ကောက်ယူသည့်

လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော်ကတည်းက ယခုနှစ်သြဂုတ်လသည် အပူဆုံးနှင့် အခြောက်သွေ့ဆုံးလဖြစ်သည်ဟု တာဝန်ရှိသူ ျားက ဆိုသည်။ သြဂုတ်လသည် နိုင်ငံ၏နှစ်စဉ်မိုးရေချိန်၏ ၈၀ ရာခိုင်နှုန်းကို ယူဆောင်လာလေ့ရှိသော အိန္ဒိယ၏ နှစ်စဉ်မုတ်သုံကာလ၏အလယ်တွင် ကျရောက်လျက်ရှိသည်။

သို့သော် ယခုလအစောပိုင်းက နိုင်ငံမြောက်ပိုင်းတွင် လူသေဆုံးမှုများရှိသော ရေကြီးမှုများကို ဖြစ်စေခဲ့သည့် ပြင်းထန်သောမိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သော်လည်း မိုးရေချိန်စုစုပေါင်းသည် ပျမ်းမျှမိုးရေချိန်အောက်တွင်သာရှိသည်။

သြဂုတ်လတွင် မိုးရေချိန်သည် ပျမ်းမျှ ၁၆၁ ဒသမ ၇ မီလီမီတာသာရှိပြီး၂၀၀၅ ခုနှစ်သြဂုတ်လမှတ်တမ်းမိုးရေချိန်အောက် ၃၀ ဒသမ ၁မီလီမီတာ လျော့နည်းသည်ဟု အိန္ဒိယမိုးလေဝသဌာနကဆိုသည်။ ယင်းသည်အိန္ဒိယနိုင်ငံအား အပူချိန်ပိုမိုပြင်းထန်စေခဲ့သည်။

“မိုးရေချိန် အများအပြား လျော့နည်းမှုနဲ့ အားနည်းတဲ့ မုတ်သုံအခြေအနေတို့ဟာ အဓိကအကြောင်းအရင်းဖြစ်ပါတယ်”ဟု ဆိုသည်။

ဂျပန်နိုင်ငံသည်လည်း မှတ်တမ်းစတင်ကောက်ယူသည့် ၁၈၉၈ ခုနှစ်နောက်ပိုင်း အပူဆုံးနွေရာသီကို ကြုံတွေ့ခံစားခဲ့ရသည်ဟု ဂျပန်အာဏာပိုင်များက စက်တင်ဘာ ၁ရက်တွင် ပြောကြားခဲ့သည်။

ဇွန်လမှ သြဂုတ်လအထိ ဂျပန်နိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ပျမ်းမျှနွေရာသီအပူချိန်သည် သိသိသာသာပိုမိုမြင့်မားကြောင့် မှတ်တမ်းတင်နိုင်ခဲ့သည်ဟု မိုးလေဝသအေဂျင်စီက ဆိုသည်။

နေရာအများအပြားတွင် အမြင့်ဆုံးအပူချိန်သာမက အနိမ့်ဆုံးအပူချိန်သည်လည်း စံချိန်တင် မြင့်တက်နေခဲ့သည်ဟု အေဂျင်စီကဆိုသည်။

ထို့ပြင် သြစတြေးလျနိုင်ငံသည်လည်း ယခုဆောင်းရာသီသည် စံချိန်တင်အပူဆုံး ဖြစ်ပြီး ဇွန်လမှ သြဂုတ်လအထိထိုရာသီအတွင်း အပူချိန်သည် ၁၆ ဒသမ ၇၅ ဒီဂရီဆဲလ် စီးယက်စ်ရှိသည်ဟု ဆိုသည်။

ယင်းသည် ၁၉၉၆ ခုနှစ်စံချိန်အထက်တွင် တည်ရှိနေပြီး မှတ်တမ်းစတင်ကောက်ယူသည့် ၁၉၁၀ ပြည့်နှစ်ကတည်းက အမြင့်ဆုံး ပျမ်းမျှဆောင်းရာသီအပူချိန်ဖြစ်သည်ဟု မိုးလေဝသဗျူရိုက ထုတ်ပြန်ထားသည်။

ကမ္ဘာတစ်ဝန်းတွင် လွန်ခဲ့သောနှစ်များက အပူချိန်စံချိန်များ တစ်ခုပြီးတစ်ခု စံချိန်ကျိုးခဲ့သည်။ ရာသီဥတုပြောင်းလဲမှုက မိုးလေဝသဆိုင်ရာအခြေအနေများကို ပိုမိုပြင်းထန်စေသောကြောင့် အပူစံချိန်သစ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယခုနှစ် ဇူလိုုင်လတွင် ကမ္ဘာတစ်ဝန်း အပူလှိုင်းများနှင့် တောမီးများ  ပြင်းထန်ခဲ့သည်။ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုသည် အပူလှိုင်းများကို ဖြစ်ပေါ်စေနိုင်ပြီး ပိုမိုပူနွေးမှု အချိန်ကြာမြင့်ကာ မကြာခဏဆိုသကဲ့သို့ ဖြစ်ပေါ်ခံစားရနိုင်သည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။

အပူလှိုင်းများသည် လူသေဆုံးမှုများဖြစ်စေသော သဘာဝဘေးအန္တရာယ်များတွင်အပါအဝင်ဖြစ်ပြီး နှစ်စဉ်ကြိုတင်ခန့်မှန်းနိုင်သော အပူချိန်နှင့်ဆက်နွှယ်မှုများကြောင့် လူပေါင်းသိန်းချီ သေဆုံးခဲ့ကြသည်။                                                   


READ NEXT
Cancel OK