ယနေ့ညတွင် လာလီဂါပွဲစဉ် (၅) ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ဗယ်လာဒိုလစ် နှင့် ဂီတာဖေး (တနင်္ဂနွေည ၄:၃၀ နာရီ)
တန်းဆင်းဇုန်အန္တရာယ်ရှိတဲ့ ဗယ်လာဒိုလစ်ရဲ့ အိမ်ကွင်းအားက ဂီတာဖေးကို ဒုက္ခပေးနိုင်စွမ်းရှိတယ်။ ဂီတာဖေးက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိပေမယ့် အဝေးကွင်းခြေစွမ်း စိတ်မချ သေးဘူး။ နောက်ပိုင်းပွဲတွေမှာ တိုက်စစ်ကလည်း ဂိုးရဖို့ ရုန်းကန်နေရတယ်။ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။
ဘီလ်ဘာအို နှင့် ဗယ်လက်ကာနို (တနင်္ဂနွေည ၆:၃၀ နာရီ)
ဗယ်လက်ကာနိုက နောက်ဆုံးပွဲမှာ ဗလင်စီယာလိုအသင်းမျိုးကို အနိုင်ကစားခဲ့ပေမယ့် အဝေးကွင်းအားပျော့တဲ့ အသင်းပါ။ ဘီလ်ဘာအိုကတော့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းငြိမ်လာတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲကောင်းမယ်။
ဆိုစီဒက် နှင့် အီဘာ (တနင်္ဂနွေည ၁၀:၄၅ နာရီ)
ဒီ(၂)သင်းရဲ့ခြေစွမ်းက ကွာဟမှုသိပ်မရှိဘူး။ ဆိုစီဒက်ရဲ့ ဒီရာသီအိမ်ကွင်းခြေစွမ်းကလည်း အကောင်းကြီးမဟုတ်ဘူး။ အီဘာကတော့ ကွင်းမရွေးခြေစွမ်းပြနိုင်တဲ့အသင်းဖြစ်တယ်။ သရေကျဖို့များပြီး ဂိုးနည်းမယ့်ပွဲလို့ ထင်မိတယ်။
ဟီရိုနာ နှင့် ဗီလာရီးယဲလ် (တနင်္ဂနွေည ၁၁:ဝဝနာရီ)
ဗလင်စီယာနဲ့ ယူရိုပါလိဂ်ကစားခဲ့ရတဲ့ ဗီလာရီးယဲလ် ဘယ်ပြိုင်ပွဲဘက် အာရုံပိုစိုက်မလဲဆိုတာ စောင့်ကြည့်ရမယ့်ပွဲ ဖြစ်နေတယ်။ ယူရိုပါလိဂ်ဘက်ကို အာရုံပိုရောက်နေရင်တော့ ဟီရိုနာနဲ့ပွဲမှာ ရုန်းကန်ရဖို့များနေတယ်။ ဟိီရိုနာကလည်း တန်းဆင်းအန္တရာယ်ရှိနေသေးလို့ အမှတ်ရအောင် ကစားနိုင်ပါတယ်။ ဟီရိုနာနဲ့ ဂိုးအများကို ရွေးထားချင်တယ်။
ဗလင်စီယာ နှင့် လီဗန်တေး (တနင်္လာနံနက် ၁:၁၅ နာရီ)
ဗလင်စီယာဟာ ယူရိုပါလိဂ်ဝင်ဖို့ပဲ အာရုံစိုက်ရလိမ့်မယ်။ ဒါကြောင့် အခု အိမ်ကွင်းပွဲမှာ ထိန်းကစားသွားဖို့များတယ်။ လီဗန်တေးကတော့ ပြီးခဲ့တဲ့ ဟူဆကာနဲ့ပွဲမှာ ဦးဆောင်ဂိုးတွေရရှိခဲ့ပေမယ့် နောက်တန်းအားနည်းမှုကြောင့် သရေ(၁) မှတ်သာ ရခဲ့တယ်။ ဒါပေမဲ့ ဗလင်စီယာအသင်း အားထုတ်မှုလျော့နေနိုင်လို့ သရေကျသွားနိုင်တယ်။ သွင်းဂိုးနည်းတဲ့ပွဲဖြစ်နိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
