Top News

လှည်းကူးမြို့နယ် ရွှေကြာကန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှ အမျိုးသားတစ်ဦးအား ဖမ်းဆီးစစ်ဆေး
24htopnews | November 30, 2024 9:12 AM CST

လှည်းကူးမြို့နယ် ရွှေကြာကန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှ အမျိုးသားတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

အဆိုပါ အမျိုးသားအား လက်ရှိအချိန်တွင် မသင်္ကာဖွယ်ဖြစ်သဖြင့် ဆက်လက် စစ်ဆေးနေကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ဖမ်းဆီးစစ်ဆေးနေသည့် အမျိုးသားမှာ သေဆုံးသူ သုံးဦးနှင့် အခင်းဖြစ်ပွားရာည ဇန်နဝါရီ ၃၁ ရက်က စကားများရန်ဖြစ်ပြီး တုတ်ဖြင့် ရိုက်ခံရသဖြင့် နေအိမ်သို့ပြန်ကာ ဓားယူပြီး ပြစ်မှုကျုးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက် နံနက် ၄ နာရီခွဲခန့်သည် ဦး...သည် ဆိုင်မှ နေအိမ်သို့ ပြန်လာစဉ် နေအိမ်၌ အမြွှာသားနှစ်ဦးနှင့် သမက်တစ်ဦးအား ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ယင်းသို့တွေ့ သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်အချိန်မှာ ဇန်နဝါရီ ည ၁၂ နာရီဝန်းကျင်ခန့်က ဖြစ်နိုင်သည်ဟု ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရပြီး အခင်းဖြစ်ပွားသည့်နေရာမှာ လူသွားလူလာနည်းပါးကြောင်း၊ သေဆုံးသူ အမြွှာညီအစ်ကိုနှစ်ဦး၏ ဖခင်မှာ အခင်းဖြစ်ပွားသည့် လမ်းထိပ်တွင် ထမင်းဆိုင်ဖွင့်ထားကြောင်း၊ ရန်ငြိုးရန်စ ပြဿနာများကြောင့် ဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် ကနဦး အမှုဖွင့်ထားကြောင်း သိရသည်။

 


READ NEXT
Cancel OK