လှည်းကူးမြို့နယ် ရွှေကြာကန်ကျေးရွာတွင်ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှု မှ တရားခံများ ဖမ်းဆီးရမိခြင်းမရှိသေးဟု ဖေဖော်ဝါရီ ၁၀ ရက်တွင် လှည်းကူးမြို့မရဲ စခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“လောလောဆယ်တော့ တရားခံနောက် ကို လိုက်နေပါတယ်။ နီးတော့နီးစပ်လာပါ ပြီး”ဟု ၎င်းက ပြောကြားသည်။
လှည်းကူးမြို့နယ် ရွှေကြာကန်ကျေးရွာ တွင် သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
အဆိုပါလူသတ်မှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများကို ၁၀ ရက်ကြာသည်အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ တရားခံများကိုဖမ်းဆီးရမိရန် နီးစပ်မှုများရှိနေပြီဖြစ်သည်ဟု လှည်းကူးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အခင်းဖြစ်ပွားခဲ့သည့် နေရာမှာ လှည်းကူးမြို့နယ်၊ ရွှေကြာကန်ကျေးရွာဖြစ်ပြီး သေ ဆုံးသူမှာ အမျိုးသားသုံးဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက် နံနက် ၄ နာရီခွဲခန့်သည် ဦး...သည် ဆိုင်မှ နေအိမ်သို့ ပြန်လာစဉ် နေအိမ်၌ အမြွှာသားနှစ်ဦးနှင့် သမက်တစ်ဦးအား ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ယင်းသို့တွေ့ သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်အချိန်မှာ ဇန်နဝါရီ ည ၁၂ နာရီဝန်းကျင်ခန့်က ဖြစ်နိုင်သည်ဟု ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရပြီး အခင်းဖြစ်ပွားသည့်နေရာမှာ လူသွားလူလာနည်းပါးကြောင်း၊ သေဆုံးသူ အမြွှာညီအစ်ကိုနှစ်ဦး၏ ဖခင်မှာ အခင်းဖြစ်ပွားသည့် လမ်းထိပ်တွင် ထမင်းဆိုင်ဖွင့်ထားကြောင်း၊ ရန်ငြိုးရန်စ ပြဿနာများကြောင့် ဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။
အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် ကနဦး အမှုဖွင့်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
