ကွာရှင်းထားပြီးဖြစ်သည့် ခင်ပွန်းဟောင်းဖြစ်သူ၏ မီးရှို့နှိပ်စက်ခြင်းကို ခံခဲ့ရခြင်းကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် လူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရသည့် တောင်ဒဂုံမြို့နယ်၌ နေထိုင်သော အမျိုးသမီးသည် မီးရှို့နှိပ်စက်ခံရပြီး တစ်လနီးပါအကြာ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံမှ စုံစမ်းသိရသည်။
တစ်နှစ်ကျော်ကြာ ကွာရှင်းထားပြီးဖြစ်သည့် ခင်ပွန်းဟောင်းဖြစ်သူက တောင်ဒဂုံမြို့နယ်ရှိ ဝပ်ရှော့တစ်ခုသို့ ခေါ်ဆောင်ပြီး မီးရှို့နှိပ်စက်ခြင်းအား ခံခဲ့ရသည့် တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသမီးသည် မီးရှို့နှိပ်စက်ခံထားရသည့် ဒဏ်ရာများကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ စိုးရိမ်ရ လူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရခြင်း ဖြစ်သည်။
ယင်းသို့ ကုသနေသည့် အချိန်ကာလ တစ်လနီးပါးအကြာ ဖေဖော်ဝါရီ ၉ ရက် နံနက် ၆ နာရီတွင် အဆိုပါ အမျိုးသမီးသည် မီးရှို့နှိပ်စက်ခံထားရသည့် ဒဏ်ရာများ ပြင်းထန်ခြင်းကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“မနက် ၆ နာရီလောက်က ဆုံးသွားပါတယ်။ ဆေးရုံမှာပဲ ဆုံးသွားတာပါ။ သူ့စျာပနကိုတော့ ၁၁ ရက်နေ့မှာ လုပ်ပါမယ်” ဟု သေဆုံးခဲ့ရသူ အမျိုးသမီး၏ အစ်ကိုဖြစ်သူက ပြောကြားသည်။
ဇန်နဝါရီ ၁၁ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်တွင် သေဆုံးခဲ့သည့် အမျိုးသမီးအား ၄င်း၏ ခင်ပွန်းဟောင်း ဖြစ်သူက တောင်ဒဂုံမြို့နယ်တွင် ရှိသည့် ဝပ်ရှော့တစ်ခု၌ ဓါတ်ဆီလောင်းကာ မီးရှို့နှိပ်စက်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် ၄င်းအား ပဲခူးဆေးရုံကြီးသို့ ခင်ပွန်းဟောင်းဖြစ်သူ၏ ဆွေမျိုးများက ကနဦး ခေါ်ဆောင်သွားခဲ့ကာ ယင်းနောက်တွင် ဒဏ်ရာများ ပြင်းထန်ခြင်းကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် ပြန်လည်ခေါ်ဆောင် လာခဲ့ကြောင်း သိရသည်။
ထို့နောက် နှိပ်စက်ခံရသူ အမျိုးသမီး၏ မိသားစုအား ခင်ပွန်းဟောင်း၏ ဆွေမျိုးများက အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသိပေး အကြောင်းကြားခဲ့သည်ဟု သိရပြီး ယင်းကြောင့် နှိပ်စက်ခံခဲ့ရသူ အမျိုးသမီး၏ ဖခင်ဖြစ်သူက တောင်ဒဂုံမြို့မရဲစခန်း၌ မီးရှို့နှိပ်စက်ခံခဲ့ရသည့် သမီးဖြစ်သူ၏ ဖြစ်စဉ်အား အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုင်ကြားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက ဇနီးဟောင်းအား မီးရှို့နှိပ်စက်ခဲ့သည့် အမျိုးသားအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူဖြစ်သည့် စိုးသူရ(ခ) စိုးကြီးအား အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး ၄င်းမီးရှို့နှိပ်စက်ခဲ့သည့် ဇနီးဟောင်းဖြစ်သူမှာ သေဆုံးခဲ့သဖြင့် လူသတ်မှုဖြင့် အမှုအား ပြောင်းလဲ ဖွင့်လှစ်ရန်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ဟုတ်ပါတယ်။ အမှုကို ပုဒ်မ လူသတ်မှုအဖြစ် ပြောင်းလဲဖွင့်သွားမယ်လို့ သိရပါတယ်။ အဲ့ဒါကို ရဲတပ်ဖွဲ့က လုပ်နေပါတယ်။ အခုဆုံးသွားပြီဆိုတော့ ပုဒ်မပြောင်းဖွင့်မှာပါ'' ဟု မီးရှို့နှိပ်စက်ခံခဲ့ရခြင်းကြောင့် သေဆုံးခဲ့သူ အမျိုးသမီး၏ အစ်ကိုဖြစ်သူက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
