ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်တွင် အိမ်နီးချင်းနေသူ အသက် ၅၇ နှစ်အရွယ် ဦးသန်းဝင်းဆိုသူက အသက်မပြည့်သေးသည့် ၁၄ နှစ်အရွယ်မိန်းကလေးကို အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သောကြောင့် ကိုယ်ဝန်ရှိခဲ့သဖြင့် မိခင်ဖြစ်သူက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကျူးလွန်သူမှာ လွန်ခဲ့သောငါးလခန့်က အိမ်နောက်ဘက်ရှိ စောင်းလျားသီးခူးနေစဉ် အိမ်ပေါ်သို့လာရောက်ရန်ခေါ်၍ သားမယားပြုကျင့်ခဲ့ပြီးနောက် တစ်ပတ်အကြာ နှင့် နှစ်ပတ်ခန့်အကြာတွင် ထပ်မံသားမယား ပြုကျင့်ခဲ့ရာမှ ကိုယ်ဝန်ရှိခဲ့ကြောင်း တရားလို ကနဦးထွက်ဆိုချက်များအရ သိရသည်။
“အမှုဖြစ်တဲ့ ကလေးမလေးက အဖေနဲ့ အမေက ကွဲနေတဲ့အခါကျတော့ မိဘရဲ့အုပ် ထိန်းမှုက အဖေနဲ့ပဲ နေရတဲ့အခါကျတော့ နည်းနည်းဟာတာတွေ ဖြစ်သွားတာပေါ့။ အခုဖြစ်သွားတဲ့ကိစ္စမှာ အခုဖြစ်တဲ့သူက မိသားစုလိုပဲနေတာပေါ့။ အိမ်က ပေ ၁၀၀ ဝန်းကျင်လောက်ပဲ အလှမ်းကွာတယ်။ အဲဒီ အိမ်မှာပဲ ကလေးထိန်းပေးတယ်။ သွားနေ ထိုင်နေကျပေါ့။ အဲဒီလိုကနေဖြစ်တယ်လို့ ယူဆကြပါတယ်။ ကျွန်တော်တို့ကတော့ ဥပဒေကြောင်းအရ မှန်မှန်ကန်ကန်ဖြစ်စေ ချင်ပါတယ်” ဟု ရွှေသောင်ယံ အမှတ် (၂) အုပ်ချုပ်ရေးမှူး ဦးခင်ဆွေဦးက ပြောကြား သည်။
တရားလိုဖြစ်သူမိခင်မှာ ပုသိမ်မြို့တွင် နေထိုင်ပြီးသမီးဖြစ်သူ သတင်းကြားသိရသဖြင့် ရွှေသောင်ယံမြို့သို့ သွားရောက်ကာ သမီးဖြစ်သူအား မေးမြန်းခဲ့ပြီးနောက် ရွှေ သောင်ယံနယ်မြေစခန်းတွင် အမှုဖွင့်တိုင် ကြားခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အ မှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
