ဖိလစ်ပိုင်နိုင်ငံသို့ပို့ဆောင်မည့် စက္ကူ ပုံးအတွင်းမှ ကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုး ရှိ ICE မူးယစ်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၇ ရက်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ ဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ပို့ဆောင်မည့် စက္ကူပုံးများအား စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာ စက္ကူပုံးအတွင်းရှိ အမျိုး သမီးသုံးလက်ကိုင်အိတ်များအတွင်းမှ ICE အလေးချိန် ၃ ဒသမ ၉ ကီလို (ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၃၁၂၀) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းသို့သိမ်းဆည်းရမိခဲ့သည့် ICE မူးယစ်ဆေးများနှင့်ပတ်သက်၍ ဆက်စပ်သည်ဟု ယူဆရသူအား စုံစမ်းဖော်ထုတ်ရာ အဆိုပါ မူးယစ်ဆေးဝါးများအား ရန်ကုန်လေဆိပ်မှတစ်ဆင့် ပို့ဆောင်ရန်ဆောင်ရွက်သည့် ထိုင်းနိုင်ငံသူတစ်ဦးဖြစ်သူ Ms.Bulan Pantong (၃၆နှစ်)ဆိုသူအား ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်ရှိ မိုတယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ရန်ကုန်လေဆိပ်ပြီးတော့ ဘန်ကောက်ကနေတစ်ဆင့် ဖိလစ်ပိုင်ကို ပို့မယ် အထုပ်တွေကို စစ်ဆေးတော့ အထဲမှာပါတဲ့ ပစ္စည်းတွေကို မသင်္ကာတဲ့အတွက် ဖွင့်ဖောက် စစ်တဲ့အချိန်မှာ ICE လို့ယူဆရတဲ့ မူးယစ်ဆေးတွေတွေ့တယ်။ ပို့ဖို့လုပ်ဆောင်တဲ့လူကို စုံစမ်းတော့ ထိုင်းနိုင်ငံသူတစ်ဦး ဆိုတာ သိရတဲ့အတွက် သူ့ကိုသက်ဆိုင်ရာ ရဲစခန်း မှာ ဖမ်းဆီးအမှုဖွင့်ပြီးတော့ ကွင်းဆက်ကျူး လွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ ဆက် လက်စစ်ဆေးနေတယ်လို့သိရတယ်” ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှ ထိုင်းနိုင်ငံသူ Ms.Bulan Pantong အား မင်္ဂလာဒုံ မြို့မရဲစခန်း မှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
