Top News

သေနတ်ဖြင့် ဓားပြတိုက်ပြီး ဗုံးထောင်ခံခဲ့ရသည့် CB ဘဏ်တွင် သက်ဆိုင်ရာက စစ်ဆေးနေ
24htopnews | November 30, 2024 9:12 AM CST

သေနတ်ဖြင့် ဓားပြတိုက်ခံရပြီး ဗုံးထောင်ခဲ့သည့် မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်ရှိ CB bank တွင် သက်ဆိုင်ရာက စစ်ဆေးနေမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ ဓားပြတိုက်မှုတွင် ကျူးလွန်သူမှာ ငွေကျပ်သိန်း ၆၀၀ ကျော်ယူဆောင်ကာ ဘဏ်ရှေ့ရှိ ပရိုဘောက် အငှားယာဉ်ဖြင့် ထွက်ပြေးတိန်းရှောင်သွားပြီး ဗုံးကို ဘဏ်အတွင်း ထားရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှ ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK