မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်ရှိ CB bank တွင် သေနတ်ဖြင့် ဓားပြတိုက်ခံရပြီး ဗုံးထောင်ခဲ့မှု ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု မြောက်ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က အတည်ပြု ပြောကြားသည်။
လက်ရှိတွင် ကျူးလွန်သူမှာ ငွေကျပ်သိန်း ၆၀၀ ကျော်ယူဆောင်ကာ ဘဏ်ရှေ့ရှိ ပရိုဘောက် အငှားယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်သွားပြီး ဗုံးကို ဘဏ်အတွင်း ထားရှိခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်က comfirm ဖြစ်တယ်။ သေနတ်ပြပြီး ဓားပြတိုက်သွားတာ။ ဗုံးကိုလည်း ဘဏ်ထဲမှာ ထောင်ထားခဲ့တယ်။ သူကတော့ ထွက်ပြေးသွားပြီ။ ငွေသိန်း ၆၀၀ ကျော်လောက် ပါသွားတယ်။ လက်ရှိမှာ ဗုံးကို သက်ဆိုင်ရာကလာပြီး ဖြုတ်ယူသွားပြီ။ ဗုံးအမျိုးအစားကိုတော့ မသိရသေးဘူး” ဟု မြောက်ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောကြားသည်။
ဖြစ်စဉ်မှ ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
