လက္ခဏာဆရာဆိုသူက အမျိုးသမီးငယ်များအား ကံနိမ့်နေ၍ ယတြာချေပေးမည် ဟုဆိုကာ သားမယားအဖြစ် အဓမ္မပြုကျင့်မှု သံဖြူဇရပ်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သံဖြူဇရပ်မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
“ကျွန်တော်တို့ ကြားသိရတာက ဗေဒင်ဆရာဖြစ်သူက ၀ါခရုကျေးရွာသူဖြစ်သူနဲ့ ရည်းစားဖြစ်တယ်။ ဗေဒင်ဆရာ ဆိုသူက သူကံနိမ့်နေလို့ ယတြာချေရမယ်လို့ သူ့ရည်းစားကို ပြောတော့ ဘယ်လိုချေရမလဲပေါ့။ အဲ့ဒီမှာ အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးတွေ ခေါ်လာရမယ်ဆိုတော့ အဲ့ဒီဝါခရုကျေးရွာသူက အရင်ဆုံး သူ့တူမအရင်း ဖြစ်သူကို ပထမဆုံး ခေါ်သွားတယ်။ နောက်တစ်ပတ်ကို တစ်ယောက်နဲ့ ခေါ်သွားရာကနေ လေးယောက်မြောက်မှာမှ ဗေဒင်ဆရာဆီကို ခေါ်သွားမယ် ခံရမယ့် ကောင်မလေးက သူ့အမေကို ပြန်ပြောကြတော့မှ အကုန်ထွက်လာမှ အဲ့ဒီပြဿနာကို မြို့ခံတွေ သိကြတာ။ အဲ့ဒီကမှ တိုင်တာတောတာတွေ ဖြစ်ကုန်တာ” ဟု သံဖြူဇရပ်မြို့ခံ တစ်ဦးဖြစ်သူ ကိုမင်းလတ်က ပြောကြားသည်။
၎င်းဖြစ်စဉ်များမှာ သံဖြူဇရပ်မြို့နယ်၊ ၀ါခရုကျေးရွာနေ မ ---(၁၂) နှစ်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီခန့်ကနေ အိမ်တွင်ရေချိုးနေစဉ် ဒေါ်လေးတော်စပ်သူ ဒေါ်အေးမြင့် (၃၈) နှစ် (ဘ) ဦးအောင်ထွန်းက နေအိမ်သို့ ရောက်ရှိလာပြီး မနက်ဖြန် မုဒုံမြို့၊ ကန်ကြီးသို့ ယတြာချေရန် သွားရမည်ဟု လာရောက် ပြောဆိုခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ရက် နံနက် ၉ နာရီခန့်တွင် ဒေါ်လေးဖြစ်သူနှင့်အတူ မုဒုံမြို့၊ ကန်ကြီးသို့ လိုင်းကားဖြင့် သွားခဲကြောင်း၊ ကန်ကြီးဘုရားရှေ့တွင် ဆင်းခဲ့ပြီး ထိုမှတစ်ဆင့် မုဒုံမြို့ရှိ မဟာနန္ဒာတည်းခိုခန်း၊ အခန်းနံပါတ် (၃) သို့ဒေါ်လေးဖြစ်သူက ခေါ်သွားခဲ့ပြီး တည်းခိုခန်းတွင် အသင့်ရောက်ရှိနေသော ဒေါ်လေးဖြစ်သူ၏ ရည်းစားဆိုသူ မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာ အရှေ့ပိုင်းနေ လက္ခဏာဆရာ သီဟအောင် (ခ) သီဟ (၂၈) နှစ် (ဘ) ဦးမြသန်းနှင့် ထားခဲ့ပြီးနောက် ဒေါ်လေးဖြစ်သူက အပြင်သို့ ပြန်ထွက်သွားခဲ့ကြောင်း၊ လက္ခဏာဆရာက မ---အား ကံနိမ့်နေသဖြင့် ၎င်းနှင့်အတူတူ အိပ်ရမည်ဟု ဆိုကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၃ နာရီခန့်တွင် ဒေါ်လေးဖြစ်သူနှင့်အတူ နေအိမ်သို့ ပြန်လာခဲ့ကြောင်း သံဖြူဇရပ်မြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
ထို့အပြင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် ဒေါ်လေးဖြစ်သူက နေအိမ်သို့ ရောက်ရှိလာပြီး ထပ်မံ၍ ယတြာချေရမည်ဟု ပြောသဖြင့် သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၊ ဗိုလ်နေဝင်းလမ်းရှိ ‘မြတ်မိခင်’ တည်းခိုခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး တည်းခိုခန်း အခန်းနံပါတ် (၃၀၄) တွင် လက္ခဏာဆရာ သီဟအောင် (ခ) သီဟနှင့် ထားခဲ့ပြီး ဒေါ်လေးဖြစ်သူ အပြင်သို့ ပြန်ထွက်သွားခဲ့ကြောင်း၊ လက္ခဏာဆရာ ဆိုသူက မ--- အား သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ပြီးနောက် ညနေ ၆ နာရီခန့်တွင် ဒေါ်လေးဖြစ်သူက ပြန်လည်ရောက်ရှိလာပြီး နေအိမ်သို့ ပြန်လည်ခေါ်ဆောင် သွားခဲ့ကြောင်း၊ ယင်းသို့အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ သီဟအောင် (ခ) သီဟနှင့် အားပေးကူညီခဲ့သူ ဒေါ်အေးမြင့်တို့ နှစ်ဦးအပေါ် ဥပဒေအရ အရေးယူပေးပါရန် ဇန်နဝါရီ ၃၀ ရက်က သံဖြူဇရပ်မြို့မ ရဲစခန်းတွင် လာရောက် တိုင်ကြားခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး သီဟအောင် (ခ) သီဟနှင့် ဒေါ်အေးမြင့်တို့ နှစ်ဦးအပေါ် သံဖြူဇရပ် မြို့မရဲစခန်းမှ (ပ) ၁၃၃/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၇၆/၃၆၃/၁၁၄ အမှုကြီး အမှတ်စဉ် (၃/၂၀၂၀) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အလားတူ သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေး ရပ်ကွက်နေ မ--- (၁၃) နှစ်သည် ဇန်နဝါရီလ ၄ရက် နံနက် ၁၀ နာရီ နေအိမ်တွင် ရှိနေစဉ် တစ်ကျောင်းတည်း ကျောင်းတက်နေသူ ၀ါခရုကျေးရွာနေ မ--- (၁၂) နှစ်နှင့် ၎င်း၏ အဒေါ်တော်စပ်သူ ၀ါခရုကျေးရွာ၊ တောင်ပေါက်ပိုင်းနေ ဒေါ်အေးမြင့် ရောက်ရှိလာပြီး မ---အား ကံနိမ့်နေသဖြင့် ယတြာချေရန် လာရောက်ခေါ်သဖြင့် ၎င်းတို့နှင့်အတူ လိုက်သွားခဲ့ရာ ၎င်းတို့မှ ‘မြတ်မိခင်’ တည်းခိုခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး တည်းခိုခန်းသို့ ရောက်ရှိစဉ် လက္ခဏာဆရာ သီဟအောင် (ခ) သီဟနှင့် အခန်းအမှတ် (၃၀၄) တွင် ထားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးမှာ အပြင်သို့ ထွက်သွားခဲ့ကြောင်း၊ လက္ခဏာဆရာက တည်းခိုခန်း အခန်းထဲတွင် မ---အား လက္ခဏာ ကြည့်ပေးပြီး ကံနိမ့်နေသဖြင့် အတူတူအိပ်ရမည် ဟုဆိုကာ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် လက္ခဏာဆရာက ဒေါ်အေးမြင့်အား ဖုန်းဆက်ခေါ်သဖြင့် ၎င်းတို့နှစ်ဦးမှာ ပြန်လည်ရောက်ရှိလာပြီး မ---အား ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လည်ပို့ပေးခဲ့ကြောင်း၊ ယင်းသို့ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ သီဟအောင် (ခ) သီဟနှင့် အားပေးကူညီခဲ့သူ ဒေါ်အေးမြင့်တို့နှစ်ဦးအပေါ် ဥပဒေအရ အရေးယူပေးပါရန် သံဖြူဇရပ် မြို့မရဲစခန်းသို့ ဇန်နဝါရီ ၃၀ ရက်က တိုင်ကြားကြောင်းနှင့် သီဟအောင် (ခ) သီဟနှင့် ဒေါ်အေးမြင့်တို့ နှစ်ဦးအပေါ် သံဖြူဇရပ်မြို့မရဲ စခန်းမှ (ပ) ၁၃၄/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၇၆/၃၆၃/၁၁၄ အမှုကြီး အမှတ်စဉ် (၄/၂၀၂၀) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ထို့အတူ သံဖြူဇရပ်မြို့နယ် ကြံ့ခိုင်ရေး ရပ်ကွက်နေ မ--- (၁၂) နှစ်သည် ဇန်နဝါရီ ၂၅ ရက် နံနက် ၁၀ နာရီအချိန် နေအိမ်တွင် ရှိနေစဉ် တစ်ကျောင်းတည်း ကျောင်းတက်နေသူ ၀ါခရုကျေးရွာနေ မ--- (၁၂) နှစ်နှင့် ၎င်း၏ အဒေါ်တော်စပ်သူ ဒေါ်အေးမြင့်တို့ ရောက်ရှိလာပြီး မ--- အား ကံနိမ့်နေသဖြင့် ကသစ်တောင်တွင် ဖယောင်းတိုင်ထွန်း၍ ယတြာချေရန် လာရောက်ခေါ်သဖြင့် ၎င်းတို့နှင့်အတူ လိုက်သွားခဲ့ရာ ၎င်းတို့မှ ‘မြတ်မိခင်’ တည်းခိုခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး တည်းခိုခန်းသို့ ရောက်ရှိစဉ် လက္ခဏာဆရာ သီဟအောင် (ခ) သီဟနှင့် အခန်းအမှတ် (၃၀၄) တွင် ထားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးမှာ ကသစ်တောင်သို့ ထွက်သွားခဲ့ကြောင်း၊ လက္ခဏာဆရာမှ တည်းခိုခန်း အခန်းထဲတွင် မ--- အား လက္ခဏာကြည့်ပေးပြီး ကံနိမ့်နေသဖြင့် အတူတူအိပ်ရမည် ဟုဆိုကာ သားမယားအဖြစ် နှစ်ကြိမ်တိုင်တိုင် ပြုကျင့်ခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် လက္ခဏာဆရာမှ ဒေါ်အေးမြင့်အား ဖုန်းဆက်ခေါ်သဖြင့် ၎င်းတို့နှစ်ဦးမှာ ပြန်လည်ရောက်ရှိလာပြီး မ---အားဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လည်ပို့ပေးခဲ့ကြောင်း၊ ယင်းသို့အလို မတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ သီဟအောင် (ခ) သီဟနှင့် အားပေးကူညီခဲ့သူ ဒေါ်အေးမြင့်တို့ နှစ်ဦးအပေါ် ဥပဒေအရ အရေးယူပေးပါရန် သံဖြူဇရပ် မြို့မရဲစခန်းသို့ ဇန်နဝါရီ ၃၀ ရက်က တိုင်ကြားကြောင်းနှင့် သီဟအောင် (ခ) သီဟနှင ့်ဒေါ်အေးမြင့်တို့ နှစ်ဦးအပေါ် သံဖြူဇရပ်မြို့မရဲစခန်းမှ (ပ) ၁၃၄/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၇၆/၃၆၃/၁၁၄ အမှုကြီးအမှတ်စဉ် (၅/၂၀၂၀) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
“အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ လက္ခဏာဆရာဆိုတဲ့ သီဟအောင်(ခ)သီဟနဲ့ အားပေးကူညီခဲ့သူ ဒေါ်အေးမြင့်တို့ နှစ်ဦးကို ဖေဖော်ဝါရီ ၅ ရက်မှာ ရုံးထုတ်ရမန်ယူခဲ့ပါတယ်” ဟု သံဖြူဇရပ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
