Top News

ပုဂံမြို့ဟောင်းရှိ အိုးထိန်းတောင်ကုန်းပေါ်သို့ မော်တော်ယာဉ်ဖြင့် တက်ရောက်သည့် တရုတ်နိုင်ငံသား နှစ်ဦးအား ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့် အမှုဖွင့်
24htopnews | November 30, 2024 9:12 AM CST

ပုဂံမြို့ဟောင်းရှိ အိုးထိန်းတောင်ကုန်းပေါ်သို့ ဖေဖော်ဝါရီလဆန်းပိုင်းက မော်တော် ယာဉ်ဖြင့် တက်ရောက်ခဲ့သည့် တရုတ်နိုင်ငံ သားနှစ်ဦးအား ရှေးဟောင်းအဆောက်အအုံ များ ကာကွယ်ထိန်းသိမ်းရေးဥပဒေဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။

ပုဂံမြို့ဟောင်းရှိ အိုးထိန်းတောင်ကုန်း ပေါ်သို့ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံသားဖြစ်သူ Mr.Xing Xiaojun (Passport No. EO4570052 ) နှင့် Mr.Zhu Youngqiang (Passport No. E05751788) တို့ မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ်စီးဖြင့် တရုတ်နိုင်ငံသား ၁၈ ဦး ခန့်သည် အိုးထိန်းတောင်ကုန်းပေါ်သို့ တက်ရောက်၍ ဘီယာဖာ၊ ခေါက်ခုံများဖြင့် နေရာ ယူချထားရန် စီစဉ်နေသည့်အတွက် ဒေသခံ တစ်ဦးနှင့် ဧည့်လမ်းညွှန်တစ်ဦးတို့က ကား တက်ခွင့်မရှိကြောင်းနှင့် ဘီယာသောက်သုံး ခွင့်မရှိကြောင်း တားမြစ်ခဲ့သဖြင့် ကားဖြင့်ပြန် လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများ ကားဖြင့် တက်ရောက်ခဲ့သည့်နေရာမှာ ရှေးဟောင်းအ ဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေအရ သတ်မှတ်ထားသည့် ရှေးဟောင်း အဆောက်အအုံစာရင်းဝင်နေရာဖြစ်ပြီး ကြို တင်ခွင့်ပြုချက်မယူဘဲ ရှေးဟောင်းအိုးထိန်းတောင်ကုန်းပေါ်သို့ တက်ရောက်ခြင်းသည် ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၀ ကို ကျူးလွန် ကြောင်းတွေ့ရှိရသည့်အတွက် ဖေဖော်ဝါရီ ၃ ရက်တွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဝင်းအောင်ကြည် ( ဦးစီးအရာရှိ ၊ ရှေး/သု ပုဂံဌာန ခွဲ)က တရားလိုပြုလုပ်တိုင်ြ ကားခဲ့ခြင်းဖြစ်ပြီး ပုဂံနယ်မြေရဲစခန်းတွင် (ပ)၁၈/၂၀၂၀ ၊ ရှေး ဟောင်းအဆောက်အအုံများ ကာကွယ်ထိန်း သိမ်းရေးဥပဒေပုဒ်မ ၂၁ ဖြင့် အရေးယူဆောင် ရွက်နေကြောင်း သိရသည်။

ရှေးဟောင်းအိုးထိန်းတောင်ကုန်းပေါ်သို့ မော်တော်ယာဉ်မောင်းနှင် တက်ရောက်ခဲ့ သည့် တရုတ်နိုင်ငံသားနှစ်ဦးအား ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့မှ  သိရသည်။

 

 


READ NEXT
Cancel OK