Top News

COVID-19 ကြောင့် ဖြစ်ပေါ်သည့်သက်ရောက်မှုများ ကုစားနိုင်ရန် နိုင်ငံတော်က ကျပ်ဘီလျံ ၃၀၀၀ နီးပါး သုံးစွဲခဲ့ပြီး အခြားလျှော့ပေါ့သက်သာပေးမှုများကိုပါ ထည့်သွင်းတွက်ချက်ပါက GDP ၏ လေးရာခိုင်နှုန်းခန့်ရှိ
24htopnews | November 30, 2024 11:12 AM CST

COVID-19 ကြောင့် ဖြစ်ပေါ်သည့် သက်ရောက်မှုများ ကုစားနိုင်ရန် နိုင်ငံတော်က ကျပ်ဘီလျံ ၃၀၀၀ နီးပါးသုံးစွဲခဲ့ပြီး အခြားလျှော့ပေါ့သက်သာပေးမှုများကိုပါ ထည့်သွင်းတွက်ချက်ပါက ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးစုစုပေါင်း (GDP) ၏ လေးရာခိုင်နှုန်းခန့် ကျခံသုံးစွဲထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

COVID-19 ကြောင့် သက်ရောက်မှုများကို CERP နှင့်အညီ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်က ရန်ပုံငွေစိုက်ထုတ်ကျခံ သုံးစွဲခဲ့မှုများတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ကျပ် ၁၂၅၆၁ ဒသမ ၁၂၇  သန်း၊ COVID-19 ရောဂါကုသရေးအတွက် ကျပ် ၃၀၃၀၁၇ ဒသမ ၂၃၆ သန်း၊ အိမ်ထောင်စုများသို့ ထောက်ပံ့ခြင်းနှင့် အမျိုးသားဘေးအန္တရာယ်ရန်ပုံငွေထောက်ပံ့ခြင်းအတွက် ကျပ် ၁၅၀၈၃၇၀ ဒသမ ၀၁၁ သန်း၊ စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ပေးခြင်းအတွက် ကျပ် ၃၉၉၀၀၀ သန်း၊ CERP လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းအတွက် ကျပ် ၇၂၈၅၁၅ ဒသမ ၂၅၄ သန်း၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်းအတွက် ကျပ် ၂၀၀ ဒသမ ၅၀၀ သန်းဖြင့် စုစုပေါင်းကျပ် ၂၉၅၁၆၆၄ ဒသမ ၁၂၈ သန်း ရှိကြောင်း COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုများကုစာခြင်းခေါင်းစဉ်ဖြင့် အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ရေးသားသည့် ဆောင်းပါးတွင် ဖော်ပြထားသည်။

COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ချေးငွေထုတ်ချေးခဲ့မှုတွင် ကျပ် ၁၀၄၉ ဘီလျံနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးခဲ့မှုများအပါအဝင် ထောက်ပ့ံငွေကျပ် ၉၄၀ ဘီလျံကျော်ဖြင့် စုစုပေါင်းအသုံးစရိတ်ကျပ် ၁၉၈၉ ဘီလျံကျော် သုံးစွဲထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

CERP Action Plan အရအသုံးစရိတ်များအနက် ချေးငွေထုတ်ချေးခဲ့မှုတွင် တောင်သူလယ်သမားများအတွက် ကျပ်ဘီလျံ ၆၀၀၊ MNA အတွက် ကျပ် ၃၄ ဘီလျံ၊ MSME Fund အတွက် ကျပ်ဘီလျံ ၂၀၀၊ MFI အတွက် ကျပ်ဘီလျံ ၁၀၀၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းများအတွက် ကျပ်ဘီလျံ ၁၀၀ နှင့် ရုပ်ရှင်၊ ဂီတ၊ ဘဘင်လုပ်ငန်းများအတွက် ကျပ် ၁၅ ဘီလျံဖြင့် စုစုပေါင်း ၁၀၄၉ ဘီလျံရှိကြောင်း သိရသည်။

ထောက်ပံ့ခဲ့မှုများတွင် အိမ်ထောင်စုများအတွက် ကျပ် ၃၆၃ ဒသမ ၀၆၉ ဘီလျံ၊ တနင်္သာရီဓာတ်အားခအတွက် ကျပ် ၆ ဒသမ ၀၈၂ ဘီလျံ၊ အရန်ဆန်နှင့် စားအုန်းဆီအတွက် ကျပ် ၃၈ ဒသမ ၁၃၆ ဘီလျံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် ကျပ် ၉၂ ဒသမ ၆၁၂ ဘီလျံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ကျပ် ၂၆၇ ဒသမ ၉၀၃ ဘီလျံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် ကျပ် ၃၅ ဒသမ ၉၂၃ ဘီလျံ၊ ရွေးကောက်ပွဲအတွက် ကျပ် ၅ ဒသမ ၀၇၆ ဘီလျံ၊ အိမ်ခန်းပေါင်း ၁၀၀၀၀ အတွက် ကျပ် ဘီလျံ ၁၃၀၊ Core Group/ထွေအုပ်စာရေး ဝန်ထမ်းအတွက် ၁ ဒသမ ၈၃၂ ဘီလျံနှင့် ကြက်ငှက်တုပ်ကွေးအတွက် သုည ဒသမ ၁၄၃ ဘီလျံဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၉၄၀ ဒသမ ၇၇၆ ဘီလျံရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။


READ NEXT
Cancel OK