ဦးကိုနီအမှု ရုံးချိန်းတွင် “မင်းတို့ ထမင်းဝအောင်စားထား” စာသားပါအကျႌ ဝတ်ဆင်သည့်အမှုမှ နှစ်နှစ်ကျော်ကြာ တိမ်းရှောင်နေသည့် မြတ်ဘုန်းမိုရ်နှင့် တင်လင်းထိုက်တို့ နှစ်ဦးသည် သက်ဆိုင်ရာ ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် သာကေတ နယ်မြေရဲစခန်းမှ သိရသည်။
မြတ်ဘုန်းမိုရ်မှာ အင်းစိန်မြို့နယ်ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့ပြီး တင်လင်းထိုက်မှာ သာကေတနယ်မြေ ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လာအဖမ်းခံတယ်ဆိုတာ ဟုတ်ပါတယ်ခင်ဗျ။ သက်ဆိုင်ရာကို ပို့လိုက်ပါပြီဗျ။ တင်လင်းထိုက်နဲ့ မြတ်ဘုန်းမိုရ်” ဟု သာကေတနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံး၌ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ စစ်ဆေးခဲ့သည့် တရားရုံးချိန်းသို့ “မင်းတို့ ထမင်းဝအောင်စားထား” စာသားပါအကျႌ ဝတ်ဆင်သူ အပါအဝင် အမျိုးသားလေးဦး လာရောက်ခဲ့ပြီး ကြည်လင်းပါ လေးဦးကို အဆိုပါ အကျႌလေးထည် ဝေငှခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ “မင်းတို့ ထမင်းဝအောင်စားထား” စာသားပါ အကျႌဝတ်ဆင်ခြင်း၊ ကြည်လင်းပါ လေးဦးကို အဆိုပါ အကျႌလေးထည် ဝေငှခြင်းတို့သည် အင်တာနက် လူမှုကွန်ရက်များတွင် ပြည်သူများအချင်းချင်း ပဋိပက္ခအသွင်ဆောင်သော ရေးသားမှုများ၊ စည်းလုံးညီညွတ်မှု ကွဲပြားစေသော ကိစ္စရပ်များအထိ ဖြစ်ပေါ်စေနိုင်ကာ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားနိုင်ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေနိုင်သော လှုံ့ဆော်မှု ဖြစ်စေခဲ့သဖြင့် သာကေတမြို့နယ် (၈) ရပ်ကွက်နေ ဟိဏ်းဝေယံပါ လေးဦးကို အရေးယူပေးရန် ၂၀၁၈ ဖေဖော်ဝါရီ ၆ ရက်တွင် အင်းစိန်မြို့နယ် တရားရုံးသို့ အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူးက ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဦးတိုက်လျှောက်ထားမှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် အင်းစိန်မြို့နယ် တရားရုံးက ရာကြီးအမှတ် ၁၈၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ဟိဏ်းဝေယံပါ လေးဦးကို ဖမ်းဆီးရန် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မဟု လူအများ သိထားကြပြီး နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက် သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော် လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
