မူးယစ်ဆေးဝါးစျေးကွက် ကျယ်ပြန့်လာခြင်းနှင့်အတူ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်သူများ ပါဝင်ပတ်သက်မှုကြောင့် စိတ်ကြွရူးသွပ်ဆေးပြားနှင့် ICE မက်အက်ဖက်တမင်း ပြဿနာ ပိုမိုဆိုးရွား လာကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ပြောကြားသည်။
ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်သည့် (၅) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးတွင် ရဲမှူးချုပ်ဝင်းနိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က (၅) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို COVID-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့် Online စနစ်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကပ်ရောဂါဖြစ်ပွားနေမှုကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါး ကုန်ကူးသူများ အနေဖြင့် ထုတ်လုပ်မှုနှင့် သယ်ဆောင်မှုကို ပိုမိုလုပ်ဆောင်လာကြကြောင်း၊ မူးယစ်ဆေးဝါးစျေးကွက် ကျယ်ပြန့်လာခြင်းနှင့်အတူ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်သူများ၏ ပါဝင်ပတ်သက်မှုများကြောင့် စိတ်ကြွရူးသွပ်ဆေးပြားနှင့် ICE မက်အက်ဖက်တမင်း ပြဿနာသည် ပိုမိုဆိုးဝါးလာကြောင်း၊ ပရီကာဆာနှင့် ဓာတုပစ္စည်းများကို ထိန်းချုပ်နိုင်မှသာ စိတ်ကြွဆေးပြားနှင့် ICE မက်အက်ဖက်တမင်း ထုတ်လုပ်မှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ပရီကာဆာများ တရားမဝင် ဝင်ရောက်မှုများသည် စိန်ခေါ်မှုတစ်ရပ် အနေဖြင့် ဆက်လက်တည်ရှိနေပြီး နယ်စပ်ဝင်ပေါက်များမှ နည်းမျိုးစုံဖြင့် ဝင်ရောက်လျက်ရှိနေမှုများကို ပိုမိုပူးပေါင်း ထိန်းချုပ်ပေးစေလိုကြောင်း ရဲမှူးချုပ်က ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) နှင့် အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) တို့အကြား အနာဂတ်အတွက် ပြည့်စုံကောင်းမွန်သော အကြံပြုချက်များ၊ အတွေ့ကြုံကောင်းများနှင့် ကြုံတွေ့နေရသော အခက်အခဲများကို ကျော်လွန်ဖြေရှင်းနိုင်မည့် ရလဒ်ကောင်းများ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို လက်တွဲပူးပေါင်း ဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား အကျိုးစီးပွားများကို ဖော်ဆောင်နိုင်ရန်အတွက် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ နှစ်ဖက်ကိုယ်စားလှယ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြရန် ရဲမှူးချုပ်က ပြောကြားသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်မှု အခြေအနေများ၊ (၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တရားမဝင် ဘိန်းဖြူသယ်ဆောင် ရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကုန်းလမ်းနှင့် ရေကြောင်းလမ်းများ တစ်လျှောက် တရားမဝင် မက်အက်ဖက်တမင်း သယ်ဆောင်ရောင်းဝယ်မှု ကိစ္စရပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ ထိန်းချုပ်ဓာတု ပစ္စည်းများနှင့် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သည့် လမ်းကြောင်းများအား ပူးပေါင်း ထိန်းချုပ်မည့် ကိစ္စရပ်များ၊ ဘိန်းစိုက်ပျိုးရာ ဒေသများအား ကောင်းကင်ဂြိုလ်တုမှ စောင့်ကြည့်နိုင်ရန် အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်ဖက်နိုင်ငံသားများ ပါဝင်သော မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများရှိပါက သတင်းဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် (၆) ကြိမ်မြောက် အစည်းအဝေး ကျင်းပနိုင်မည့် နေ့ရက်နေရာ အတည်ပြုခြင်းနှင့် (၅) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
