စစ်ကိုင်းမြို့အတွင်းရှိ ပျံကျဈေးများအား ဒီဇင်ဘာ ၁၂ ရက်မှ စတင်၍ ယာယီပိတ်သိမ်းသွားမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
စစ်ကိုင်းမြို့မစျေးအနီး (၂၄) နာရီ ပျံကျစျေး၊ မြို့မစျေး အနောက်ဘက် ကွန်ကရစ်လမ်း ဝဲယာ ဖွင့်လှစ်ထားသော စျေးတန်းများ၊ အပ်ချုပ်စုရပ်လမ်းဘေး ဈေးတန်းများ၊ ဇေယျာသိရီရုပ်ရှင်ရုံအနီး၊ စစ်ကိုင်းဘူတာရုံ၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ဝန်းကျင်းတို့တွင် ဖွင့်လှစ်ထားသော ညစျေးဆိုင်များအားလုံး ဒီဇင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၂၄ ရက်အထိ ယာယီပိတ်သိမ်းသွားမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။
“ညစျေးကို မနက်ဖြန် စပြီးပိတ်မယ်၊ ဒီနေ့က အားလုံးက ပြင်ဆင်ထားပြီးသား ဖြစ်တဲ့အတွက် ပြီးတော့ အစည်းအဝေးကလဲ ၁ နာရီကျော်မှ ပြီးတာကြောင့် ဒီနေ့ကတော့ ညစျေးကို ရောင်းခွင့်ပြုလိုက်ပြီး မနက်ဖြန် ကစပြီး ညစျေးမှာ လုံးဝရောင်းချခွင့် မရှိတော့ပါဘူး၊ ပိတ်လိုက်ပြီ၊ ညစျေးပိတ်လိုက်ပါပြီ၊ နောက်တခါ စစ်ကိုင်းမြို့မစျေးမှာရှိသော စားသောက်ကုန်မှလွဲ၍ လူသုံးကုန်ဆိုင်တွေ အားလုံး ရောင်းခွင့်မပြုတော့ဘူး စားသောက်ကုန်ကလွဲ၍ ကျန်တဲ့ လူသုံးကုန်ပစ္စည်း ရောင်းချခွင့် မပြုဘူး၊ နောက်ပြီး မနက် ၆ နာရီကနေ နေ့လည် ၁၂ နာရီအထိပဲ စားသောက်ကုန်ဆိုင်တွေ ရောင်းခွင့်ပြုမယ်၊ ကုန်စိမ်းစျေးကို မနက် ၆ နာရီထက်စောပြီး ရောင်းချခွင့် မပြုဘူး၊ မနက် ၆ နာရီကနေ နေ့လည် ၁၂ နာရီအထိ ရောင်းခွင့်ပေးမယ်၊ စျေးနဲ့စည်ပင်သာယာရေး ကော်မတီ ကြီးကြပ်မူ အောက်မှာရှိသော ဆိုင်အားလုံးက မနက် ၆ နာရီကနေ နေ့လည် ၁၂ နာရီအထိ ရောင်းခွင့်ပြုတယ်၊ စားသောက်ကုန်သာ ရောင်းချခွင့်ပေးထားတယ်၊ နောက်ပြီး မြို့ပေါ် ရပ်ကွက်တွေမှာ ရောင်းချနေတဲ့ အိမ်ဆိုင်တွေမှာလဲ စားသောက်ကုန် ရောင်းချခွင့်ပြုတယ်၊ ကျန်တဲ့ လူသုံးကုန်ပစ္စည်းဆိုင်တွေ ရောင်းချခွင့် မပြုဘူး၊ သူတို့အတွက်လဲ စည်ပင်သာယာကနေ စာထွက်ပေးပါမယ်၊ ပိတ်သိမ်းဖို့ပေါ့၊ မနက်ဖြန်ကစပြီး ၂၄ ရက်နေ့အထိ ယာယီပိတ်သိမ်းမယ်၊ ယာယီ ပိတ်သိမ်းတာပါ၊ ညစျေးကလဲ မနက်ဖြန်ကစပြီး ၂၄ ရက်အထိ ယာယီပိတ်သိမ်းထားမယ်၊ သတ်မှတ်တဲ့ ကာလမှာ ရောင်းချခွင့် မပြုလုပ်ဖို့ ရောင်းချရင် ကိုဗစ်နဲ့ ပတ်သတ်ပြီး ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်” လို့ ၎င်းက ပြောကြားသည်။
ထို့အပြင် စစ်ကိုင်းမြို့ ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချနေသော လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ အားလုံးလည်း ဒီဇင်ဘာ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ယာယီပိတ်သိမ်းရမည် ဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းမြို့နယ် အပါအဝင် ကလေးမြို့နယ်၊ ရွှေဘိုမြို့နယ် တို့ကို ဒီဇင်ဘာ ၁၁ မှစ၍ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ Stay at Home အဖြစ် အမိန့်ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
