ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ မိုင်းယုကျေးရွာ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး ကွမ်းယာရောင်းသည့်သူထံတွင် ဒီဇင်ဘာ ၁၀ ရက်က COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လူနာသည် ဒီဇင်ဘာ ၄ ရက်က နောင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ ခြေမြစ်ပင်ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရွာသာယာကျေးနေသူနှင့် ထိတွေခဲ့သူဖြစ်ပြီး မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးတွင် ကွမ်းယာဆိုင် ဖွင့်လှစ်ထားသူဖြစ်သည်။
အဆိုပါ လူနာသည် ဒီဇင်ဘာ ၁၀ ရက် နံနက် ၇ နာရီအချိန်တွင် အနံ့တစ်စုံတရာ မရရှိခဲ့သဖြင့် ၎င်းနေအိမ်မှတစ်ဆင့် ပါရမီ လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ဆေးစစ်မှုခံယူရန် နံနက် ၇ နာရီ မိနစ် ၃၀ က မူဆယ် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီး အာခေါင်၊ နှာခေါင်းတို့ဖတ် နမူနာများအား ရယူဆောင်ရွက်ခဲ့ပြီး စက်ဖြင့် COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ ညနေပိုင်းတွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။
၎င်းလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများအား မူဆယ်မြို့ COVID-19 ရောဂါ စောင့်ကြည့်စင်တာ၌ ထားရှိ၍ စောင့်ကြည့်ကုသနေပြီး ၎င်းလူနာကို မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီးရှိ သီးသန့်ကုသဆောင်၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် အခြားမြို့များမှ မူဆယ်မြို့သို့ နည်းအမျိုးမျိုးဖြင့် ရောက်ရှိလာပါက မိမိအသိစိတ်ဓာတ်ဖြင့် သက်ဆိုင်ရာကို အကြောင်းကြားကာ Quarantine ဝင်သင့်ပြီး စားသောက်ဆိုင်များ ဖွင့်လှစ်မည် ဆိုပါက မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ စစ်ဆေးမှုကို ခံယူပြီးမှ ဖွင့်လှစ်ခြင်းပြုသင့်ကြောင်း မူဆယ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးက ပြောကြားသည်။
အဆိုပါ လူနာသည် မူဆယ်မြို့တွင် ၃၄ ဦးမြောက် COVID-19 ရောဂါလူနာဖြစ်ပြီး မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီး၌ ၃၃ ဦး လူနာများ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံက ဆင်းအပြီး လေးရက်မြောက် အကြာတွင် တွေ့ရှိရသော လူနာသစ်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
