COVID-19 ဒုတိယလှိုင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချို့နေရာများ၌ လိုအပ်ချက်၊ အားနည်းချက်များနှင့် ဖြည့်ဆည်းရန်များ ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအားဖြည့် ဆောင်ရွက်ရေးအဖွဲ့ဝင် ခေတ္တညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာသန်းဝင်းက COVID-19 အကြောင်း သိကောင်းစရာ အမေးအဖြေအစီအစဉ်တွင် ထည့်သွင်းပြောကြားသည်။
“ဒုတိယလှိုင်းရဲ့ ဖြစ်ပွားသေဆုံးမှု အခြေအနေတွေ၊ လုပ်ငန်းတွေဆောင်ရွက်နေတဲ့အပေါ်မှာ နည်းပညာရှုထောင့်က သုံးသပ်ကြည့်မယ်ဆိုရင် အချို့နေရာတွေမှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ ဖြည့်ဆည်းဖို့ လုပ်စရာတွေရှိနေတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရောဂါရဲ့ သဘောသဘာဝအရ ဒီရောဂါကို ကူးစက်ခံရပြီဆိုရင် ကူးစက်ခံရတဲ့လူရဲ့ ရာခိုင်နှုန်း ၆၀ ဟာ ဘာရောဂါလက္ခဏာမှ မပြပါဘူး။ ရောဂါလက္ခဏာပြရင် နှာစေးမယ်။ ချောင်းဆိုးမယ်။ ဒီလောက်ပဲ ပျောက်သွားပြီး သူတို့ကလူတွေ ကြားထဲမှာ လူကောင်းသဖွယ် သွားလာနေထိုင်ကြမယ်။ အဲဒီလို သွားလာတဲ့အခါ အကာအကွယ်ပစ္စည်းတွေ၊ ကာကွယ်ရေးနည်း လမ်းတွေကို မသုံးဘူးဆိုရင် အနီးအနားမှာ ရှိတဲ့သူတွေကို ကူးစက်သွားနိုင်ပါတယ်” ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။
ရောဂါလက္ခဏာမပြသည့် အုပ်စုမှာ ရောဂါလက္ခဏာမရှိ၍ ကျန်းမာရေးဌာနသို့ မလာရောက်ခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အလှမ်းဝေးပြီး လွတ်နေသည့် အခြေအနေရှိနေကြောင်းလည်း ဒေါက်တာသန်းဝင်း၏ ပြောကြားချက်အရသိရသည်။
“အဓိက ရောဂါပိုးမပြဘဲ ကူးစက်နေတဲ့လူတွေကနေတစ်ဆင့် ပြည်သူလူထုထဲမှာ ကူးစက်နေတဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့အားလုံးက နေ့စဉ်မြင်တွေ့ခံစားနေရတာ ဖြစ်ပါတယ်။ ဒါက ဘာကိုပြလဲဆိုရင် နေ့စဉ် ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၀၀ ကနေ ၁၅၀၀ အတွင်း တွေ့ရှိနေတာပဲဖြစ်ပါတယ်။ ဒီလို ၁၀၀၀ ကနေ ၁၅၀၀ အတွင်း တွေ့ရှိနေတာကလည်း ရက်အတော်ကြာနေပြီဖြစ်ပါတယ်။ ဒီလို နေ့စဉ်လူနာသစ် ၁၀၀၀ လောက်သာ ရောက်လာတယ်ဆိုရင် ဒီလူနာတွေကို ကုသပေးနေတဲ့ COVID-19 ကုသရေးဌာနတွေနဲ့ ဆေးရုံတွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပြီး မနိုင်ဝန်ကို ထမ်းနေသလိုဖြစ်နေတဲ့အခါ လူနာတွေကို အရည်အသွေးပြည့်ဝတဲ့ ပြုစုစောင့်ရှောက်မှုပေးဖို့တွေ၊ COVID-19 ကြောင့် သေဆုံးနှုန်းကို လျှော့ချဖို့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ အခက်အခဲတွေ ကြီးကြီးမားမား တွေ့နေရတယ်ဆိုတာကို ပညာရှင်တွေက ထောက်ပြထားပါတယ်” ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။
လက်ရှိတွင် နောက်ခံရောဂါအခံရှိသူ အသက်ကြီးပိုင်းများတွင်သာမက အသက်ငယ်ရွယ်သူများ၌ပင် COVID-19 ကူးစက်ခံရပါက ရောဂါပြင်းထန်ပြီး အသက်သေဆုံးမှု ဖြစ်စဉ်များပါရှိနေကြောင်း သွေးရည်ကြည်ကုထုံးကော်မတီဥက္ကဋ္ဌ သွေးရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာရဲမြက ပြောကြားသည်။
“ကျွန်တော်တို့ ဒီမှာ ဖြစ်နေတာကတော့ အချို့ဆိုရင် အဖျားလေးဝင်တာနဲ့ ကောင်းလိုကောင်းငြား ပါရာစီတမောသောက်ပြီး အိမ်မှာနေကြတယ်။ မသက်သာတဲ့အခါကျမှ ဆေးရုံလာတဲ့အခါ ရောဂါဖြစ်နေတာ ခုနစ်ရက်တို့ ၁၀ ရက်တို့ဖြစ်တဲ့အချိန်မှ လာတဲ့အခါကျတော့ စစ်လိုက်တဲ့အခါ ပိုးတွေ့တယ်ဆိုရင် တော်တော်လေးနောက်ကျနေတဲ့ အခြေအနေဖြစ်သွားတယ်။ ဒါကြောင့် ဖျားပြီဆိုရင်တော့ ဒီကပ်ရောဂါကာလမှာတော့ မသင်္ကာဖြစ်ရမှာပဲ။ စစ်ဆေးဖို့ လိုတယ်။ ဆေးရုံဆေးခန်းတွေပြဖို့လိုတယ်။ နောက် အခက်အခဲဆုံးအပိုင်းကတော့ သိပ်နောက်ကျပြီးမှ ရောက်လာလို့ရှိရင် ကုသရတာ သိပ်ခက်ပါတယ်။ ဆိုလိုတာက ၁၀ ရက် လောက်မှ ရောက်လာတယ်။ ဖျားနေတာလည်း နည်းနည်းကြာတယ်။ အသက်ကလည်း ကြီးတယ်။ အခံရောဂါရှိတယ်ဆိုရင် တော်တော်လေးကို ကုသရတာခက်တဲ့ အပိုင်းရှိတယ်” ဟု ပါမောက္ခ ဒေါက်တာရဲမြက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
