ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ပိုးတွေ့လူနာ ၇၄၀၀၀ ကျော်ရှိလာပြီး ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သည့် မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပမြို့နယ်တွင် လူနာစုစုပေါင်း ၅၀၀၀ ကျော်အထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ် မတ်လမှစ၍ ဒီဇင်ဘာ ဒုတိယပတ်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် ပိုးတွေ့လူနာ ၇၄၀၀၀ ကျော်ရှိကြောင်းနှင့် ရောဂါပိုးတွေ့လူနာ အများဆုံးရှိသည့်မြို့နယ်များမှာ မြောက်ဥက္ကလာမြို့နယ်တွင် ၅၀၀၀ ကျော်၊ မင်္ဂလာဒုံမြို့နယ်တွင် ၅၁၀၀ ကျော်၊ လှိုင်သာယာမြို့နယ်တွင် ၄၃၀၀ ကျော်၊ အင်းစိန်မြို့နယ်တွင် ၄၀၀၀ ကျော်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၃၈၀၀ ကျော်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေးစည်းကမ်းလိုက်နာမှုများ ပိုမိုကောင်းမွန်စေရေး ကြီးကြပ်ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မေတ္တာရပ်ခံညှိနှိုင်းထားကြောင်း ဒီဇင်ဘာ ၃ ရက်က ပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်သော်လည်း နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေများ၊ အလှူရှင်များ၏ ပံ့ပိုးမှုများဖြင့် အသွားအလာကန့်သတ်ရာတွင် လည်းကောင်း၊ COVID-19 ရောဂါစစ်ဆေးရာတွင်လည်းကောင်း၊ COVID-19 လူနာများကို ကုသရာတွင်လည်းကောင်း ပြည်သူများအား အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနက ဝန်ထမ်းအားလုံးသည် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို တာဝန်ကိုယ်စီဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန်အတွက် အဓိကအရေးကြီးဆုံးအချက်မှာ ပြည်သူများ၏ တာဝန်သိစွာဖြင့် COVID-19 ကာကွယ်ရေးစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု များပြားလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေး စည်းကမ်းလိုက်နာမှုများ ပိုမိုကောင်းမွန်စေရေး ပိုမိုကြီးကြပ်ဆောင်ရွက်ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မေတ္တာရပ်ခံညှိနှိုင်းထားကြောင်း ပြောကြားသည်။
ထို့ပြင် ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာ တပ်ဆင်ထားခြင်းမရှိသော စျေးရောင်းသူများထံမှ ပစ္စည်းများနှင့် အစားအသောက်များဝယ်ယူခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်က အသိပေးတိုက်တွန်းနှိုးဆော်ထားသည်။
လက်ရှိ စျေးရောင်းသူအချို့သည် ပါးစပ်နှင့် နှာခေါင်းစည်း Mask နှင့် မျက်နှာအကာ Face Shield တပ်ဆင်မှုမရှိခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ခြင်းမရှိဘဲ မေးသိုင်းထားခြင်းနှင့် မျက်နှာအကာ Face Shield ကို အပေါ်သို့ လှန်ထားခြင်းများ တွေ့ရှိနေရကြောင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း ၊ မျက်နှာအကာ တပ်ဆင်ထားခြင်းမရှိသော စျေးရောင်းသူများတွင် COVID-19 ပိုးရှိနေပါက စျေးဝယ်သူ အများအပြားသို့ ရောဂါပိုး ကူးစက်ပျံ့နှံ့စေမည် ဖြစ်ကြောင်း၊ စျေးဝယ်သူများအနေဖြင့် COVID-19 ရောဂါပိုး ကူးစက်ခံရခြင်းမရှိစေရန်အတွက် မိမိကိုယ်တိုင်လည်း ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်နှင့် ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာတို့ စနစ်တကျတပ်ဆင်ထားခြင်းမရှိသော စျေးရောင်းသူများထံမှ ပစ္စည်းများနှင့် အစားအသောက်များ ဝယ်ယူခြင်းမပြုကြရန် အသိပေးတိုက်တွန်းခဲ့ခြင်းဖြစ်သည်။
COVID-19 ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် ကုသရေးကဏ္ဍတို့မှ တာဝန်ရှိသူအသီးသီးသည် မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှု အနည်းဆုံးဖြစ်စေရန် COVID-19 ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများကို အားထုတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူတစ်ဦးချင်းစီမှလည်း တာဝန်သိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် COVID-19 ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုကိန်းဂဏန်းများကို များခြင်း၊ နည်းခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းတို့ကို ကောက်ချက်ချခြင်း၊ မှတ်ချက်ပြုခြင်းပြုလုပ်မည်ဆိုပါက ရှုထောင့်ပေါင်းစုံ၊ နည်းလမ်းမျိုးစုံဖြင့် လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာလျှင် အခြေအနေကို မှန်ကန်စွာအကဲဖြတ်သိရှိနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
