Top News

တစ်နိုင်ငံလုံး၌ မေ ၂၀ ရက် နံနက်ပိုင်းအထိ COVID-19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၁၅၁၀၀ ကျော်ရှိပြီး လူဦးရေ တစ်သန်းလျှင် ၂၉၆ ဦးနှုန်း စစ်ဆေးပြီးဖြစ်
24htopnews | November 30, 2024 2:12 PM CST

 တစ်နိုင်ငံလုံး၌ မေ ၂၀ ရက် နံနက်ပိုင်းအထိ COVID-19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၁၅၁၃၇ ဦးရှိပြီး လူဦးရေ တစ်သန်းလျှင် ၂၉၆ ဦးနှုန်း စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

မေ ၂၀ ရက် နံနက်ပိုင်းအထိ ဓာတ်ခွဲစစ်ဆေးပြီးသူ စုစုပေါင်း ၁၅၁၃၇ ဦးရှိပြီး စောင့်ကြည့်လူနာ ၄၃၉၂ ဦး၊ ပိုးတွေ့လူနာ ၁၉၃ ဦး၊ သေဆုံးလူနာ ခြောက်ဦးနှင့် ပိုးတွေ့ ပြန်လည်ကောင်းမွန်သွားသူ ၁၀၄ ဦးရှိကြောင်းနှင့် ပိုးတွေ့လူနာများအနက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ၄၃ ဦး၊ တောင်ဥက္ကလာပမြို့နယ်တွင် ၁၃ ဦး၊ မရမ်းကုန်းမြို့နယ်တွင် ၁၆ ဦး၊ ဗဟန်းမြို့နယ်တွင် ကိုးဦး၊ တာမွေမြို့နယ်တွင် ၁၀ ဦး၊ ပန်းဘဲတန်းမြို့နယ်တွင် ခုနစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ခြောက်ဦး၊ ချင်းပြည်နယ် တီးတိန်မြို့တွင် ငါးဦး၊ ဗိုလ်တထောင် မြို့နယ်တွင် ငါးဦး၊ လှိုင်သာယာမြို့နယ်တွင် ငါးဦး၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် လေးဦး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)တွင် လေးဦး၊ ကမာရွတ်မြို့နယ်တွင် လေးဦး၊ မင်္ဂလာဒုံမြို့နယ်တွင် သုံးဦး၊  ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် သုံးဦး၊ ရွှေပြည်သာ မြို့နယ် တွင် သုံးဦး၊  မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နှစ်ဦး၊ မြောက်ဥက္ကလာပမြို့နယ်တွင် နှစ်ဦး၊ ရှမ်းပြည် (တောင်ပိုင်း) တောင်ကြီးမြို့တွင် နှစ်ဦး၊ အလုံမြို့နယ်တွင် နှစ်ဦး၊ စမ်းချောင်း မြို့နယ်တွင် နှစ်ဦး၊ ရှမ်းပြည် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နှစ်ဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နှစ်ဦး၊ ဒေါပုံမြို့နယ်တွင် နှစ်ဦး၊ ဒဂုံ မြို့သစ် (အရှေ့ ပိုင်း)တွင် နှစ်ဦး၊ သာကေတမြို့နယ်တွင် နှစ်ဦး၊ ဖားအံမြို့တွင် နှစ်ဦး၊ မှော်ဘီမြို့နယ်တွင် တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် တစ်ဦး၊ နေပြည်တော် ဇဗ္ပူသီရိမြို့နယ်တွင် တစ်ဦး၊ ရှမ်းပြည်( မြောက်ပိုင်း) ကျောက်မဲမြို့တွင် တစ်ဦး၊ မွန်ပြည်နယ် ကျိုက်မရောမြို့တွင် တစ်ဦး၊ လှည်းကူးမြို့တွင် တစ်ဦး၊ မကွေး တိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် တစ်ဦး၊ ရှမ်းပြည်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် တစ် ဦး၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာ စံမြို့နယ်တွင် တစ်ဦး၊ ပုစွန်တောင်မြို့နယ်တွင် တစ်ဦး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ တွင် တစ်ဦး၊ ကချင်ပြည်နယ် မိုးညှင်းမြို့တွင် တစ်ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)  မူဆယ် မြို့တွင် တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့နယ်တွင် တစ်ဦး၊ ကချင်ပြည်နယ် မိုးညှင်း မြို့တွင် တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး စစ် ကိုင်းမြို့တွင် တစ်ဦး၊ ချင်းပြည်နယ် ဟားခါး မြို့တွင် တစ်ဦး၊ နေပြည်တော် ဇေယျာသီရိ မြို့နယ်တွင် တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် တစ်ဦး၊ ချင်းပြည် နယ် ထန်တလန်မြို့နယ်တွင် တစ်ဦး၊ တနင်္သာ ရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်တွင် တစ် ဦး၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် တစ်ဦး၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် တစ်ဦး၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တစ်ဦးရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာများတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ အများဆုံးတွေ့ရကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားသည်။

မြန်မာနိုင်ငံတွင် လေ့လာဆန်းစစ်မှုများအရ COVID-19 ဓာတ်ခွဲအတည်ပြု လူနာများတွင် တွေ့ရှိရသော ရောဂါလက္ခ ဏာများမှာ ဖျားခြင်း ၇၃ ရာခိုင်နှုန်း၊ ချောင်းဆိုးခြင်း ၄၉ ရာခိုင်နှုန်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း ၁၃ ရာခိုင်နှုန်း၊ မောခြင်း ၂၁ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း ၁၈ ရာ ခိုင်နှုန်း၊ မူးဝေအော့အန်ခြင်းနှင့် ဝမ်းလျှော ခြင်း ၁၁ ရာခိုင်နှုန်း၊ နှာခေါင်းပိတ်ခြင်း၊ နှာ ချေခြင်း၊ နှာစေးခြင်း ၁၃ ရာခိုင်နှုန်းနှင့် အနံ့၊ အရသာ၊ အာရုံခံစားမှုပျောက်ကွယ်ခြင်း ကိုးရာခိုင်နှုန်း တို့ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းလေ့လာချက်အရ COVID-19 ဓာတ်ခွဲအတည်ပြု လူနာများတွင် တွေ့ရှိရသော ရောဂါလက္ခဏာများမှာ ဖျားခြင်း ၈၇ ဒသမ ၉ ရာခိုင်နှုန်း၊ ချောင်းဆိုးခြင်း ၆၇ ဒသမ ၇ ရာခိုင်နှုန်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း ၃၈ ဒသမ ၁ ရာခိုင်နှုန်း၊ မောခြင်း ၁၈ ဒသမ ၆ ရာခိုင်နှုန်း၊ လည်ချောင်း နာခြင်း ၁၃ ဒသမ ၉ ရာခိုင်နှုန်း၊ မူးဝေအော့ အန်ခြင်းနှင့် ဝမ်းလျှောခြင်း ၈ ဒသမ ၇ ရာ ခိုင်နှုန်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း၊ နှာ စေးခြင်း ၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် အနံ့၊ အရသာ၊ အာရုံခံစားမှုပျောက်ကွယ်ခြင်း မရှိ ကြောင်း သိရသည်။

ထို့ပြင် US CDC ၏ ထုတ်ပြန်ချက်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများတွင် တွေ့ရှိရသော ရောဂါလက္ခဏာများမှာ ဖျားခြင်း ၈၃-၉၉ ရာခိုင်နှုန်း၊ ချောင်းဆိုးခြင်း ၅၉-၈၂ ရာခိုင်နှုန်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း ၄၄-၇၀ ရာခိုင်နှုန်း၊ မောခြင်း ၃၁-၄၀ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း ၁၀ ရာခိုင်နှုန်းအောက်၊ မူးဝေအော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း ၁၀ ရာခိုင်နှုန်းအောက်၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း ၁၀ ရာခိုင်နှုန်းအောက်နှင့် အနံ့၊ အရသာ၊ အာရုံခံစားမှု ပျောက်ကွယ်ခြင်း ၈၅-၈၈ ရာခိုင်နှုန်း ရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။


READ NEXT
Cancel OK