"ဝ" အဖွဲ့ (UWSA) ဌာနချုပ် တည်ရှိရာ ပန်ဆန်းသို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး မေ ၁၉ ရက်က သွားရောက်၍ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဒေသခံများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုက လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအားလှူဒါန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၄ဝဝဝဝ ခု၊N 95 Mask ၂ဝဝဝ ခု၊ Face Shield ၅ဝဝ ခု၊ Bleaching Powder ၁၀ ပုံး၊ Personal Protective Equipment PPE ဝတ်စုံ ၁ဝဝဝ စုံ၊Hand Gel ၁ဝဝဝ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးတို့ကို တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးက ပေးအပ်လှူဒါန်းရာ "ဝ" အဖွဲ့ (UWSA) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီလျှံက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းမှုနှင့်ပတ်သက်၍ UWSA ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီလျှံက ကျေးဇူးတင်စကား ပြောကြားရာတွင် တပ်မတော်နှင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဆက်ဆံရေးမှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ပြီး အဘက်ဘက်မှ ကူညီပံ့ပိုးမှုများ ရှိခဲ့ကာ ဆက်လက်၍ အပြန်အလှန် ကူညီသွားရမည်ဖြစ်ကြောင်း ၊ မြန်မာပြည်အတွင်းပိုင်းဒေသများတွင် ကျောင်းတက်၊ အလုပ်လုပ်နေကြသည့် တိုင်းရင်းသားများကိုလည်း လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးစေလိုကြောင်းနှင့် ယခုကဲ့သို့ ကူညီပေးမှုများ အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် "ဝ" အဖွဲ့ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းကလည်း တပ်မတော်မှ ယခုကဲ့သို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးပို့ကူညီသည့်အတွက် "ဝ" တိုင်းရင်းသားများကိုယ်စား နှစ်နှစ်ကာကာကျေးဇူးတင်ရှိကြောင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အားလပ်သင့်တော်သည့် အချိန်တွင် "ဝ" ဒေသသို့ လာရောက် လမ်းညွှန်မှုပြုနိုင်ပါရန် ဖိတ်ခေါ်အပ်ကြောင်းဖြင့် ကျေးဇူးတင်လွှာ ပေးအပ်ခဲ့သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဆက်လက်ပြီး တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ပန်ဆန်းမြို့ရှိ "ဝ" အဖွဲ့ (UWSA) ဌာနချုပ်သို့ သွားရောက်၍ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီလျှံ၊ ဦးကျောက်ကော်အန်းတို့ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်၊ ဆီဟုတ်၊ မိုင်းယွန်း၊ ဟိုပန်၊ ဟိုရွက်၊ ဟွေအောနှင့် မုန်းကျွတ်ဒေသတို့ရှိ UWSA တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း မေလ ၁၂ ရက်မှစ၍ တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးအဖွဲ့များစေလွှတ်ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက်၍ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် အရှိန်အဟုန်ဖြင့် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ တပ်မတော်ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဖျန်းပေးခြင်း အပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူ့ဆေးရုံများသို့ ဆေးရုံသုံးပစ္စည်းများ ပေးပို့လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
