ဆိုင်ကလုန်းမုန်တိုင်း Amphan ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် မိုးသက်လေပြင်းများ တိုက်ခတ်ပြီး ကမ်းရိုးတန်းအတွင်း ရေယာဉ်များ သွားလာခြင်းကို တားမြစ်ထားကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်းတိုင်အရှိန်ကြောင့် မေလ ၁၉ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသအချို့တွင် မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့ပြီး စစ်ဘေးရှောင်များ ယာယီနေထိုင်ရာ စစ်ဘေးရှောင်စခန်းများတွင် အမိုးအကာများ ပျက်စီးခဲ့မှုလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ရေယာဉ်တွေကိုတော့ မုန်တိုင်းရှိတဲ့အတွက် ရပ်နားထားပါတယ်။ မုန်တိုင်းပြီးသွားမှ ပြန်လည်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ငါးဖမ်းလှေတွေကိုတော့ ဘယ်လိုအမိန့် ထုတ်ထားတယ် ဆိုတာတော့ မသိဘူးဗျ” ဟုလည်း အမြန်ရေယာဉ်လိုင်း တစ်ခုမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
မုန်တိုင်းကြောင့် ပင်လယ်ပြင်အတွင်း လှိုင်းအနည်းငယ် ပြင်းထန်သည့်အတွက် ပင်လယ်ကမ်းခြေ များတွင်လည်း လှိုင်းအနည်းငယ် ကြီးနေသည် တွေ့ရကြောင်းလည်း ဒေသခံများက ပြောကြားသည်။
ယင်းနှင့် ပတ်သက်ပြီး သံတွဲမြို့နယ် ငပလီကမ်းခြေက ရေလုပ်ငန်း လုပ်ကိုင်နေသူ ကိုဘစောဖြူက “လေကတော့ သိပ်မပြင်းပါဘူး၊ နည်းနည်းတိုက်တယ်။ ပင်လယ်ရေမျက်နှာပြင် နည်းနည်းမြင့်လာတယ်။ ဒီရေနည်းနည်း တိုးတဲ့သဘောပေါ့။ အခုဆိုရင် လေကတော့ လျော့ကျသွားပါပြီ၊ မိုးကလည်း နည်းနည်းတော့ ရွာခဲ့တယ်။ သိပ်တော့ ထူးထူးခြားခြား မဟုတ်သေးပါဘူး။ ဒါပေမယ့် စက်လှေတွေကတော့ မထွက်ကြဘူး” ဟုလည်း ပြောကြားသည်။
မေလ ၂၀ ရက်နေ့တွင် မြို့နယ်အချို့တွင် မိုးရွာသွန်းမှုအနည်းငယ် ရှိခဲ့သော်လည်း လွန်စွာရွာသွန်းခြင်း မဟုတ်ကြောင်းနှင့် စစ်တွေမြို့တွင်လည်း မိုးအနည်းငယ် ရွာသွန်းနေကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်တွေမှာ မိုးကတော့ နည်းနည်းရွာတယ်။ တခြားနေရာတွေမှာလည်း အနည်းနည်းစီ ရွာတယ်လို့ သိရတယ်။ ရေလှိုင်းကတော့ ကမ်းစပ်မှာ နည်းနည်းကြီးတာပေါ့။ လေကတော သိပ်မပြင်းပါဘူး။ ကမ်းရိုးတန်းသွား ရေယာဉ်တွေ ပြေးဆွဲမှု ရပ်နားထားတယ်လို့ သိရပါတယ်” ဟု စစ်တွေမြ်ို့ ဒေသခံတစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
