အမ်ဖန်ဆိုင်ကလုန်း မုန်တိုင်းကြောင့် မိုးရွာသွန်းမှုမျာ အနည်းငယ် ရှိခဲ့သော်လည်း သောက်သုံးရေရှားပါး လိုအပ်ဆဲဖြစ်သည့် လပွတ္တာမြို့သို့ Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်မှ မေလ ၁၉ ရက်နေ့တွင် သောက်သုံးရေ ဂါလံ ၁၀၀၀ အား သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
မိုးအနည်းငယ် ရွာသွန်းမှုများ ရှိသော်လည်း မိုးရေလှောင်ကန်များတွင် သောက်သုံးရေများ တင်ကျန်နေမှု မရှိခြင်း၊ နေအိမ်အများစုမှာ မိုးရေစုဆောင်းထားရန် အဆင်မပြေ သေးသောကြောင့် သောက်သုံးရေ လိုအပ်ချက်များ ရှိနေသည့် လပွတ္တာမြို့ အမှတ်(၈) ရပ်ကွက်နှင့် ကိုးနဝင်း ပရိယတ္တိ စာသင်တိုက်ကျောင်းသို့ Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်မှ သွားရောက်ပို့ဆောင် လှူဒါန်းခဲ့ပြီး နှလုံးလှလူငယ်များအသင်း၊ ကရုဏာရှင်လူငယ်များ အသင်းမှ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
“မိုးက တစ်ရက်တော့ ကောင်းကောင်းရွာသွားတော့ အခုလောလောဆယ်တော့ ရေက ခဏအဆင်ပြေသွားတယ်။ ဆက်တိုက်ရွာရင်တော့ အဆင်ပြေပြီပေါ့၊ အခုတော့ ဆက်တိုက်မရွာဘူး၊ နောင်ရက်ကျ ပြန်လိုမယ်လို့ ထင်တယ်၊ အခုလည်း မိုးသာရွာသွားတာ သောက်ရေက ကောင်းကောင်း မရသေးဘူး” ဟု ကိုးနဝင်းကျောင်းတိုက်မှ ဆရာတော် ရှင်ပညာလောကက မိန့်ကြားသည်။
Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ လပွတ္တာမြို့နယ်တွင် ကုန်းကြီးကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ကန့်ဘလာကျေးရွာ၊ ရွေးစုစည်းကျေးရွာ၊ ကံဆိပ်ကျေးရွာ၊ စလူဆိပ်ကျေးရွာ၊ ပြင်ကနုကုန်းကျေးရွာ ငပုတောမြို့နယ်တွင်၊ မကျီးချိုင်ကျေးရွာ၊ ကုန်းသာယာကျေးရွာ၊ ဘိုကလေးမြို့နယ်တွင် ချောင်းဗြဲကြီးကျေးရွာ၊ သမစိတ္တကျေးရွာ၊ ခြောက်ဂငယ်ကျေးရွာ၊ လိပ်သောင်ရေကျော်ကျေးရွာ၊ လမုအုပ်ကလေးကျေးရွာ၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လမုတပင်ကျေးရွာ၊ သစ်နီဇွဲကျေးရွာ၊ ကန်စုကျေးရွာ၊ ငပုတောမြို့နယ်တွင် ဘီလူးချောင်း ကျေးရွာတို့တွင် မြေသားနှင့် ကျောက်သားရေလှောင်ကန်များ တူးဖော်လှူဒါန်း ပေးထားခဲ့ပြီး သာပေါင်းမြို့နယ်တွင် မြတောင်ညိုဒေသတွင် စက်ရေတွင်း တစ်တွင်းအား တူးဖော်လှူဒါန်းပေးထား နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်းပေးနေမှုသာမက ကံဆိပ်ကျေးရွာနှင့် ကန့်ဘလာကျေးရွာတို့တွင် ကျေးရွာအတွင်း နေအိမ်များအရောက် ရေပိုက်များ သွယ်ယူပေးကာ သောက်သုံးရေ ဖြန့်ဖြူးပေးခြင်းများကိုပါ လှူဒါန်းပေးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
