ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်တင်လေယာဉ်များ ပျံသန်း ပြေးဆွဲခွင့် ယာယီရပ်ဆိုင်းထားသည့် ကာလ၌ လေဆိပ်အဆောက်အအုံနှင့် Airside ဧရိယာများ ပြန်လည်ပြုပြင်ခြင်းနှင့် ဘေးကင်းလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသည့် YACL သည် လေဆိပ်အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေး၊ ဘေးကင်းလုံခြုံရေး၊ လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူများနှင့် လေကြောင်းဆိုင်ရာ မိတ်ဖက်၊ စီးပွားဖက်များ၏ ကျန်းမာဘေးကင်းစွာလုပ်ငန်းလုပ်ဆောင် လည်ပတ်နိုင်ရန် လေဆိပ်အဆောက်အအုံ ဧရိယာများကို ပြုပြင်ထိန်းသိမ်းခြင်း၊ သန့်ရှင်းခြင်းနှင့် ပိုးသတ်ခြင်းလုပ်ငန်းစဉ်များကို COVID-19 ကူးစက်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ယာယီရပ်ဆိုင်းခြင်းကာလ၌ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်အဆောက်အအုံနှင့် Airside ဧရိယာများ ပြန်လည်ပြုပြင်ခြင်းတွင် လေယာဉ်ပြေးလမ်း၊ Taxiways၊ Apron နှင့် Packing Stands ဧရိယာများအား ပြန်လည်ပြင်ဆင် ဆေးသုတ်ခြင်း၊ Cyclone Clean Technology အဆင့်မြင့်နည်းပညာကို အသုံးပြု၍ လေယာဉ်ပြေးလမ်း Runway နှင့် Taxiway စင်္ကြံများပေါ်ရှိ မလိုလားအပ်သော အမှတ်အသားဟောင်းများနှင့် ကပ်ငြိများပြားလာသော ရော်ဘာများ အားဖယ်ရှားခြင်း၊ Apron Service Roads အား ဆေးသုတ် ပြန်လည်မွမ်းမံပြင်ဆင်ခြင်း၊ Airside Station ရှစ်ခုရှိ လေယာဉ်သန့်ရှင်းခြင်းနှင့် ပိုးသတ်ခြင်းလုပ်ငန်းများမှ ကြွင်းကျန်သော အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းခြင်း၊ Apron A နှင့် Apron B ပိုးသတ်သန့်စင်ယူနစ် ဧရိယာများကို ပြုလုပ်ထားခြင်းနှင့် နေ့စဉ်ကြွင်းကျန်ပစ္စည်းများအား ဘေးကင်းစွာ စီမံစွန့်ပစ်စေခြင်းဖြင့် တာဝန်ရှိဝန်ထမ်း၏ ကျန်းမာရေးကို အထောက်အကူဖြစ်စေရန် ဆောင်ရွက်နေကြောင်း သိရသည်။
“ရန်ကုန်လေဆိပ်အနေနဲ့ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများကို ထိရောက်မြန်ဆန်မှုရှိအောင် လုပ်ဆောင်ပေးနေပါတယ်။ ဒီလို ကန့်သတ်ချက်တွေများလှတဲ့ကာလမှာ မြန်မာနိုင်ငံအဖို့ ရေရှည်ဆက်လက်ရပ်တည်နိုင်ဖို့ အရေးပါတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ ဆေးဝါးပစ္စည်းနဲ့ ကယ်ဆယ်ရေးလေယာဉ်တွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေကိုလည်း ထားရှိပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မကြာခင်မှာပဲ ကျွန်တော်တို့အားလုံး မျှော်လင့်နေကြတဲ့ COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုစီမံခန့်ခွဲမှုအတွက် ထွက်ရှိလာမယ့် လေဆိပ်လုပ်ငန်းစဉ်သစ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာပဲဖြစ်ပါတယ်။ YACL အနေနဲ့ လေဆိပ်လုပ်ငန်းလည်ပတ်ရာမှ ဘေးကင်းလုံခြုံစိတ်ချမှုနဲ့ ထိရောက် မြန်ဆန်မှုရှိစေဖို့က အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပဲဖြစ်တယ်” ဟု YACL ၏ Operation နှင့် Safety Director ဖြစ်သူ Mr. Pedro Cavem က ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ COVID-19 အားကာကွယ်ရန် လေဆိပ်အဆောက်အအုံများအားလုံးတွင် ခရီးသည်များနှင့် တာဝန်ကျ လေဆိပ်ဝန်ထမ်းများကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ခရီးသည်များ လိုက်ပါပို့ဆောင်/ ကြိုဆိုသူများ လေဆိပ်အတွင်းသို့ ဝင်ရောက်ခွင့်အား တားမြစ်ထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
မြန်မာနိုင်ငံ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်နှင့်အညီ ရန်ကုန်လေဆိပ် အဆောက်အအုံများအတွင်းသို့ အများပြည်သူဝင်ရောက်ခွင့်ကို ကန့်သတ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါကန့်သတ်ချက်အရ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၉ ရက် တနင်္ဂနွေနေ့မှစ၍ တရားဝင် လေယာဉ်လက်မှတ်ကိုင်ဆောင်သူ ခရီးသည်များနှင့် တာဝန်ကျလေဆိပ်ဝန်ထမ်းများကိုသာ လေဆိပ်အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်လေဆိပ်မှ သတင်းထုတ်ပြန်ခဲ့သည်။
ယင်းအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ COVID-19 အား ကာကွယ်ရန် ပိုးသတ်ဆေးနှင့် အသေးစိတ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး Terminal 1 နှင့် Terminal 3 ရှိ ဂိတ်အချို့နှင့် လေဆိပ်ကားပါကင်နှင့် လေဆိပ်အဆောက်အုံအား ဆက်သွယ်ထားသည့် Sky Link အား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
