မြန်မာပြည်တောင်ပိုင်း ဒေသထွက် ငှက်သိုက်များမှာ COVID-19 ကြောင့် အရောင်းအဝယ် ကျဆင်းသွားသော်လည်း ငှက်သားပေါက်ရာသီ ဖြစ်သည့်အတွက် စျေးနှုန်းကျဆင်းခြင်း မရှိကြောင်း ငှက်သိုက်လုပ်ငန်း လုပ်ကိုင်သူများက ပြောကြားသည်။
ဇီဝဇိုးငှက်ကလေးများ၏ အသိုက်မှရရှိသော ငှက်သိုက်လုပ်ငန်းမှာ မြိတ်ကျွန်းစုဒေသမှ အဓိကထွက်ရှိနေပြီး မြန်မာပြည်အနှံ့မှ ဝယ်ယူစားသုံးနေသည့် လုပ်ငန်းတစ်ခု ဖြစ်လာကြောင်း သိရသည်။ သို့ရာတွင် COVID-19 ဖြစ်ပြီးနောက် ငှက်သိုက်ရောင်းဝယ်ခြင်းမှာ သုံးပုံတစ်ပုံကျော် ကျဆင်းသွားခဲ့ကြောင်း သိရသည်။
“COVID-19 ကာလဖြစ်တဲ့အတွက် ရောင်းအားကကျတယ်။ အရင်တုန်းက ရာနှုန်းပြည့် ရောင်းရပေမဲ့ အခု ၃၀ ရာခိုင်နှုန်းပဲ ရောင်းရတယ်။ များများစားစား ဝယ်တဲ့သူတွေ မရှိဘူး။ တစ်ကျပ်သား၊ နှစ်ကျပ်သားဝယ်တဲ့ သူတွေပဲရှိတော့ လောလောဆယ် ပြည်ပကို ပို့နိုင်တဲ့ အခြေနေမှာ မရှိသေးဘူး။ စျေးတက်သွားတာမျိုးလည်း မရှိဘူး။ ဒါပေမယ့် ကိုဗစ်ကာလ ဖြစ်တဲ့အတွက် စားသုံးသူတွေအတွက် စျေးကိုချပြီး ရောင်းပေးပါတယ်။ ၁၀ ရာခိုင်နှုန်းအထိ ချပေးတယ်။ တစ်ကျပ်သားကို လေးသောင်းလောက် စျေးရှိနေတာကို ၃၆၀၀၀ အထိစျေးချပြီး ရောင်းပေးပါတယ်။ ငှက်သိုက် စျေးနှုန်းက ကျဆင်းသွားခြင်း မရှိဘူး။ ဒီအချိန်က ငှက်သားပေါက်တဲ့ရာသီ ဖြစ်တဲ့အတွက် ငှက်သိုက်ရှားသွားတယ်။ အဲဒီတော့ ကုန်ကြမ်းစျေးက မကျသွားဘူး။ အရောင်းအဝယ်တော့ ကျတယ်။ သုံးပုံတစ်ပုံလောက်ပဲ ရောင်းရတယ်။ ဒါပေမယ့် ကျွန်တော်တို့ စားသုံးသူတွေ အဆင်ပြေအောင်ဆိုပြီး ထွက်လာတဲ့ ငှက်သိုက်တွေကို ၁၀ ရာခိုင်နှုန်းအထိ စျေးချပြီး ရောင်းပေးနေပါတယ်” ဟု မီမီငှက်သိုက်ရာင်းဝယ်ရေးမှ ဦးပြည်ဖြိုးဟန်က ပြောကြားသည်။
ဇီဝဇိုးငှက်သိုက်များကို ကျန်းမာရေးနှင့် ညီညွတ်သည့် ဖြည့်စွက်အစာ၊ ကိုယ်ခံအားကောင်းသည့် အစာအဖြစ် သတ်မှတ်ကာ သုံးစွဲကြပြီး တရုတ်နိုင်ငံမှ အဓိကမှာယူ သုံးစွဲလျက်ရှိကြောင်း သိရသည်။ သို့ရာတွင် ဗိုင်းရပ်စ်ပိုး ကူးစက်နေသည့်ကာလ ဖြစ်သည့်အတွက် စျေးကွက်အတွင်း ပို့ဆောင်ရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
ငှက်သိုက်များတွင် သဘာဝငှက်သိုက်နှင့် အိမ်ငှက်သိုက်များရှိပြီး နိုင်ငံတော်တွင် တင်ဒါဆွဲပြီး ငှက်သိုက်ကောက်ယူကာ ရောင်းချသည့် လုပ်ငန်းများ ရှိသကဲ့သို့ အိမ်များတွင် ငှက်ခေါ်ပြီး အခွန်ဆောင်၊ မျှောစာများယူကာ ရောင်းချသည့် လုပ်ငန်းများလည်းရှိကြောင်း သိရသည်။ ငှက်သိုက်စျေးနှုန်းမှာ လက်ရှိအနေအထားတွင် ကုန်ကြမ်းစျေး တစ်ပိဿာလျှင် ကျပ် ၁၇ သိန်းမှ ၂၅ သိန်းအထိ ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
