ရန်ကုန်တိုင်းဒေသကြီး အစိုးရက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် စောဒေးဗစ်လားကို မရမ်းကုန်းမြို့နယ် တရားရုံးတွင် မေ ၂၀ ရက် နံနက်ပိုင်းက ပထမအကြိမ် ရုံးထုတ်ရမန်ယူခဲ့သည်။
အဆိုပါ ရုံးချိန်းတွင် စောဒေးဗစ်လားကို ရဲလုပ်ငန်းဆောင်ရွက်ချက်များ စစ်ဆေးရန် ရှိနေသေးသည့်အတွက် ဇွန်လ ၃ ရက်နေ့အထိ ၁၅ ရက်ကြာ ချုပ်ရက်ရမန် ယူခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက တရားစွဲထားသူ လေးဦးသည် COVID-19 ရောဂါ ကူးစက်ခံရသူများ ဖြစ်သည့်အတွက် ကျန်းမာရေးကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပြီး ရောဂါသက်သာသည်နှင့် အမူကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။
ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် သင်းအုပ်ဆရာ အပါအဝင် လူလေးဦးအား အင်းစိန်မြို့မရဲစခန်းနှင့် မရမ်းကုန်းမြို့မ ရဲစခန်းတို့တွင် အမူဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ဧပြီ ၁၄ ရက်တွင် ကြေညာထားသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မူ တစ်ခုခုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
