၂၀၂၄-၂၀၂၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် လာဇီယို၊ ဘီလ်ဘာအိုနှင့် ဖရန့်ဖတ် စသည့်သုံးသင်း အပြိုင်ဦးဆောင်နေပြီး ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအပါအဝင် စုစုပေါင်းငါးသင်း အနိမ့်ဆုံး ၁၆ သင်းအဆင့် Play-offs ကစားခွင့်ရရန် သေချာသွားပြီဖြစ် ကြောင်း သိရသည်။
ယူရိုပါလိဂ် ပွဲစဉ် (၅) ကို နိုဝင်ဘာ ၂၈ ရက်တွင် ယှဉ်ပြိုင်ကစားရာ ဇယားထိပ်ဆုံးမှ လာဇီယိုအသင်း နိုင်ပွဲပျောက်ဆုံးပြီး ဘီလ်ဘာအိုနှင့် ဖရန့်ဖတ်အသင်း၏ ရမှတ်တူဖြင့် ဖိအားပေးခြင်းခံခဲ့ရသည်။ ပွဲစဉ် (၅) အပြီးတွင် လာဇီယို၊ ဘီလ်ဘာအိုနှင့် ဖရန့်ဖတ် အသင်းတို့က ၁၃ မှတ်စီဖြင့် အပြိုင်ဖြစ်နေပြီး ဂါလာတာစာရေးနှင့် အန်ဒါလက်ချ်အသင်းတို့က ၁၁ မှတ်စီ၊ အေဂျက်စ်၊ လိုင်ယွန်၊ ရိန်းဂျားစ်၊ စပါးနှင့် စတူအာဘူခါရက်အသင်းတို့ က ၁၀ မှတ်စီရရှိထားသည်။
ကွန်းဖရန့်လိဂ် ပွဲစဉ် (၄) ကို နိုဝင်ဘာ ၂၇၊ ၂၈ ရက်တွင် ယှဉ်ပြိုင်ကစားရာ ဇယားထိပ်ဆုံး၌ အပြိုင်ဖြစ်နေသည့်အသင်းများအနက် ချယ်လ်ဆီးနှင့် လီဂီယာဝါဆောတို့ နှစ်သင်းသာ ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီးနှင့် လီဂီယာဝါဆော အသင်းတို့ ၁၂ မှတ်စီဖြင့် အပြိုင်ဖြစ်နေပြီး ၁၀ မှတ်စီရရှိထားသည့် ဂျာဂီလိုနီးယား၊ ရက်ပစ်ဝီအန်၊ ဂီမာရေ့စ်အသင်းတို့မှာလည်း လက်ကျန်နှစ်ပွဲကစားရန်အလိုမှာပင် အနိမ့်ဆုံး Play-offs အဆင့် ကစားခွင့်ရရန် သေချာသွားပြီဖြစ်သည်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်ရှစ်ပွဲနှင့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ပွဲစဉ်ခြောက်ပွဲ ကစားရမည်ဖြစ်ပြီး ချန်ပီယံလိဂ်ကဲ့သို့ပင် ဇယားထိပ်ဆုံးရှစ်သင်း ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရ၍ အဆင့် ၉ မှ ၂၄ အထိ အသင်းများမှာ Play-offs ဆက်လက်ကစား ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
