Top News

အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် Guwahati Masters ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်
24htopnews | November 30, 2024 2:12 PM CST

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဒီဇင်ဘာ ၃ ရက်မှ ၈ ရက်အထိ အိန္ဒိယနိုင်ငံ ဂူဝါဟာတီမြို့၌ ကျင်းပမည့် Guwahati Master ပြိုင်ပွဲတွင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် BWF ပြိုင်ပွဲနှစ်ခုဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး Syed Modi India International 2024 ကြက်တောင်ပြိုင်ပွဲအပြီးတွင် ယခုပြိုင်ပွဲ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် Yonex -Sunrise Guwahati Masters ပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တရုတ်တိုင်ပေကစားသမား ချန်ဆုယုနှင့် တွေ့ဆုံနေသည်။ 

ချန်ဆုယုသည် သက်ထားသူဇာကဲ့သို့ပင် အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် BWF ပြိုင်ပွဲနှစ်ခုစလုံး ယှဉ်ပြိုင်ခြင်းဖြစ်ပြီး Syed Modi India International 2024 ကြက်တောင်ပြိုင်ပွဲတွင် တရုတ်နိုင်ငံသူကို အရေးနိမ့်ကာ ပထမအဆင့်မှ ထွက်ခဲ့ရသည်။ သက်ထားသူဇာမှာမူ Syed Modi India International 2024 ကြက်တောင်ပြိုင်ပွဲတွင် ဒုတိယအဆင့်မှ ထွက်ခဲ့ရသည်။ သက်ထားသူဇာသည် ၂၀၂၄ ခုနှစ် အတွင်း ၂၁ ပွဲမြောက်ပြိုင်ပွဲအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

သက်ထားသူဇာသည်  Yonex-Sunrise Guwahati Masters ပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၆ သတ်မှတ်ခံထားရ သည်။ သက်ထားသူဇာသည် ဒီဇင်ဘာလ အတွင်းကျင်းပမည့် BWF ပြိုင်ပွဲအချို့တွင် ထပ်မံယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ 

သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရေးရည်မှန်းချက်ဖြင့် ၂၀၁၈ ခုနှစ်ကတည်းက BWF ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး တိုကျိုအိုလံပစ်ပြိုင်ပွဲ နှင့် ပါရီအိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။


READ NEXT
Cancel OK