လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားနိုင်တယ်လို့ ဂွါဒီယိုလာကိုယ်တိုင် ဝန်ခံထားပါတယ်။ ပြိုင်ပွဲက သုံးပုံတစ်ပုံဝန်းကျင်သာရှိသေးတယ်ဆိုပေမဲ့ ၁၁ မှတ်ပြတ်ပြီးမှ ပြန်လိုက်နိုင်တဲ့အသင်းတော့ ပရီးမီးယားလိဂ်မှာ မရှိဖူးသေးပါဘူး။ လာမယ့်ပွဲမှာ လီဗာပူးလ်သာ အနိုင်ရခဲ့ရင် မန်စီးတီးကို ၁၁ မှတ် ဖြတ်နိုင်မှာဖြစ်ပြီး မန်စီးတီးသာ အနိုင်ရရင်တော့ ၅ မှတ်ကွာအနေအထား ပြန်ဖြစ်သွားမှာပါ။ ဒါကြောင့် လီဗာပူးလ်ထက် မန်စီးတီးအတွက် ပိုအရေးကြီးတဲ့ပွဲ ဖြစ်နေပါတယ်။ တကယ်လို့ မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့မယ်ဆိုရင် ဒုတိယနေရာမှာ ဆက်ရှိဖို့လည်း မလွယ်တော့ပါဘူး။ ဒီအတွက် မန်စီးတီးအသင်း မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါတယ်။ အန်ဖီးလ်မှာ နိုင်ပွဲရယူနိုင်ဖို့က မန်စီးတီးအတွက် သေရေးရှင်ရေး အရေးကြီးနေပါတယ်။ ဒါပေမဲ့ ယုံကြည်မှုအပြည့်နဲ့ ပုံစံကောင်းပြနေတဲ့ လီဗာပူးလ်ကို မန်စီးတီး ဘယ်လိုအနိုင်ယူမှာလဲလို့ မေးခွန်းထုတ်ရမယ့် အခြေအနေမျိုး ဖြစ်နေတာပါ။ မန်စီးတီးအသင်းရဲ့ ယိမ်းယိုင်မှုက ဂွါဒီယိုလာ ရူးချင်လောက်အောင် ဆိုးရွားနေတာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
