၂၀၂၄ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် အမှတ်အနည်းဆုံးရခဲ့သည့် ရွှေပြည်သာယူနိုက်တက်အသင်းနှင့် ဧရာဝတီရိန်းဂျားအသင်းတို့ တန်းဆင်းခဲ့ရပြီး လာမည့်ရာသီတွင် ခြေစစ်ပွဲဝင်ခွင့်ရမည် မဟုတ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်၏ သတ်မှတ်ချက်အရ တန်းဆင်းသွားရသည့်အသင်းများအား ယင်းအမည်၊ ပိုင်ရှင်/အုပ်ချုပ်/နည်းပြအဖွဲ့ နှင့် ကစားသမားအများစုဖြင့် ဆက်လက်ယှဉ်ပြိုင်ရန် ခွင့်မပြုသောကြောင့် ရွှေပြည်သာယူနိုက်တက်အသင်းနှင့် ဧရာဝတီရိန်းဂျား အသင်းတို့ လာမည့်ရာသီ MNL-2 ပြိုင်ပွဲ၌ ပြန်လည်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ပေ။
မြန်မာနေရှင်နယ်လိဂ်သည် ပြီးခဲ့သည့်ရာသီ မှစ၍ MNL-2 တွင် တန်းဆင်းစနစ် စတင် အသုံးပြုခဲ့ပြီး MNL-3 ကျင်းပနိုင်ခြင်းမရှိ သေးသော်လည်း အစားထိုးတန်းတက်ခွင့်ရမည့် နှစ်သင်းအတွက် ခြေစစ်ပွဲပုံစံကျင်းပ၍ ဗိုလ်လုပွဲရောက်သည့်နှစ်သင်းကို ယှဉ်ပြိုင်ခွင့်ပြုခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ကျင်းပနေသည့် အပျော်တမ်းပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်နေသည့်အသင်းများ အနက် MNL-2 ၊ ယင်းမှတစ်ဆင့် တန်းတက်ခွင့်ရပါက MNL စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်နိုင်မည့်အသင်းများကို ပြိုင်ပွဲပုံစံကျင်းပ၍ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ရာသီမတိုင်မီ ပထမဆုံးကျင်းပသည့် တန်းတက်ခွင့်ပြိုင်ပွဲတွင် ရာမညယူနိုက်တက်အသင်းနှင့် ဧရာဝတီရိန်းဂျားအသင်းတို့ ဗိုလ်လုပွဲတက်ရောက်သဖြင့် MNL-2 ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ရာမညယူနိုက်တက်အသင်းသည် ၂၀၂၄ ရာသီတွင် ချန်ပီယံ ဆုရယူနိုင်ရန်အထိ နီးစပ်ခဲ့ပြီး နောက်ဆုံးပွဲတွင် တက္ကသိုလ်အသင်းကို အရေးနိမ့်ခဲ့သောကြောင့် တတိယနေရာဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ ဧရာဝတီရိန်းဂျားအသင်းမှာမူ ရမှတ်ခုနစ်မှတ်သာရရှိသဖြင့် တန်းပြန်ဆင်းရမည်ဖြစ်သည်။ ထို့အတူ တန်းဆင်းခဲ့ရသည့် ရွှေပြည်သာယူနိုက်တက်အသင်းမှာလည်း ရမှတ်ခုနစ်မှတ်သာ ရယူနိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်သည် MNL ပြိုင်ပွဲကို တန်းဆင်းစနစ်ကျင့်သုံးနိုင်ရန် အတွက် MNL-2 ပြိုင်ပွဲကို ၂၀၁၃ ရာသီတွင် စတင်ကျင်းပခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း ချန်ပီယံအသင်း ကိုးသင်း အထိ ထွက်ပေါ်ခဲ့သည်။ ဖျက်သိမ်းသွားပြီဖြစ်သည့် ချင်းယူနိုက်တက်အသင်းက ချန်ပီယံဆု နှစ်ကြိမ်ဖြင့် MNL-2 တွင် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
