The Best FIFA Football Awar 2024 ဆုများအတွက် ဆန်ခါတင်စာရင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ The Best FIFA Football Awar 2024 အတွက် ဆုအမျိုးအစား စုစုပေါင်း ၁၀ ခု ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသမီး အကောင်းဆုံးသွင်းဂိုးဆုအား ဘရာဇီးအမျိုး သမီးဂန္ထဝင်ကစားသမား မာတာကို ဂုဏ်ပြုသည့်အနေဖြင့် FIFA Marta Award အဖြစ် ထပ်တိုးချီးမြှင့်ရန် စီစဉ်ထားသည်။
FIFA သည် ဆန်ခါတင်စာရင်းများ ထုတ်ပြန်ရာတွင် အမျိုးသားကစားသမားဆုအတွက် ၁၁ ဦး၊ အမျိုးသားဂိုးသမားဆုအတွက် ခုနစ်ဦး၊ အမျိုးသားအသင်း နည်းပြဆုအတွက် ငါးဦး၊ အမျိုးသား အကောင်းဆုံးသွင်းဂိုးဆု (ပွတ်ရှ်ကပ်စ် ဆု) အတွက် ၁၁ ဦး၊ အမျိုးသမီးကစားသမား ဆုအတွက် ၁၆ ဦး၊ အမျိုးသမီးအသင်းနည်းပြ ဆုအတွက် ရှစ်ဦး၊ အမျိုးသမီးဂိုးသမားဆု အတွက် ငါးဦး၊ အမျိုးသမီး အကောင်းဆုံး သွင်းဂိုးဆုအတွက် ၁၁ ဦး၊ ပရိသတ်ဆုအတွက် သုံးဦး ပါဝင်ကြောင်း သိရသည်။
ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်သည့် အမျိုးသားကစားသမားဆု ဆန်ခါတင် စာရင်းတွင် ရီးယဲလ်အသင်းမှ ကာဗာဟယ်လ်၊ ဗယ်လ်ဗာဒီ၊ ဘယ်လင်ဂမ်၊ အမ်ဘာပေ(ယခင် PSG)၊ ကရို့စ် (ယခုအနားယူ)၊ ဗင်နီစီယပ်စ် တို့ဖြင့် ခြောက်ဦးအထိ ရွေးချယ်ခံထားရပြီး မန်စီးတီးအသင်းမှ ဟာလန်းနှင့် ၂၀၂၄ Ballon d'Or အကောင်းဆုံးဆုရှင် ရိုဒရီ၊ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ၊ ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား ယမားလ်နှင့် လေဗာကူဆင်အသင်း ကြယ်ပွင့်ကစားသမား ဗက်ဇ်တို့လည်း ပါဝင်နေသည်။
ယင်းဆုအတွက် ၂၀၂၃ ခုနှစ် သြဂုတ် ၂၁ ရက်မှ ၂၀၂၄ ခုနှစ် သြဂုတ် ၁၀ ရက်အထိ ကလပ်အသင်းနှင့် နိုင်ငံလက်ရွေးစင်အသင်းမှ စွမ်းဆောင်ရည်အပေါ်မူတည်၍ ရွေးချယ်ထားခြင်းဖြစ်ပြီး ပရိသတ်များ၊ နိုင်ငံအသင်း နည်းပြနှင့် အသင်းခေါင်းဆောင်များ၊ မီဒီယာများ၏ ဆန္ဒမဲကို အချိုးကျခွဲဝေကာ ချီးမြှင့်မည်ဖြစ်သည်။
အမျိုးသားအသင်းနည်းပြဆု ဆန်ခါတင်စာရင်းတွင် အန်ဆယ်လော့တီ (ရီးယဲလ်)၊ စကာလိုနီ (အာဂျင်တီးနား)၊ ဒယ်လာဖွန်တေ (စပိန်)၊ ဂွါဒီယိုလာ (မန်စီးတီး)၊ အလွန်ဆို (လေဗာကူဆင်) နှင့် အမျိုးသားဂိုးသမားဆု ဆန်ခါတင်စာရင်းတွင် လူနင် (ရီးယဲလ်)၊ ရာယာ (အာဆင်နယ်)၊ အီဒါဆန် (မန်စီးတီး)၊ မာတီနက်ဇ် (ဗီလာ)၊ ဒွန်နာရမ်မာ (PSG) ၊ မီနွန် (အေစီမီလန်)၊ ဆီမွန် (ဘီလ်ဘာအို) တို့ ရွေးချယ်ခံထားရသည်။
ယခုနှစ်အတွက် အကြီးမားဆုံးပြောင်းလဲမှုအဖြစ် ပရိသတ်များ အနေဖြင့် The Best FIFA အမျိုးသားအသင်း နှင့် အမျိုးသမီးအသင်းအတွက် ပါဝင်မဲပေး ခွင့်ရမည်ဖြစ်ပြီး ဆန်ခါတင်စာရင်းတွင် ဂိုး သမားနေရာအတွက် ၁၁ ဦး၊ နောက်ခံလူ၊ ကွင်းလယ်လူနှင့် တိုက်စစ်နေရာအတွက် ၂၂ ဦးစီ၊ စုစုပေါင်း ၇၇ ဦးစီ ပါဝင်နေသည်။
မဲပေးမှုကို Fifa ဝက်ဘ်ဆိုက်တွင် ဒီဇင်ဘာ ၁၀ ရက် ဗဟိုဥရောပစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်အထိ ဝင်ရောက်မဲပေးနိုင်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
