Top News

■ ပြင်သစ်လီဂူးပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်
24htopnews | November 30, 2024 2:12 PM CST

မောင့်ပယ်လီယာ - လိုင်လီ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁ ရက် ည ၈:၃၀ နာရီ)

ဇယားအောက်ဆုံးက မောင့်ပယ်လီယာအတွက် တစ်ပွဲထက်တစ်ပွဲ ဖိအားတွေပိုပိုကြီးမားလာတာအမှန်ပါ။ အခုလည်း အိမ်ကွင်းဆိုပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံဖို့မရှိတဲ့ လိုင်လီကိုရင်ဆိုင်ရပါတော့မယ်။ လိုင်လီပဲ ရွေးထားမယ်။



လူအယ်ဗာ - အန်ဂါစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁ ရက် ည ၁၀:၃၀ နာရီ)

တန်းဆင်းဇုန်ထဲက အန်ဂါစ်တို့ အမှတ်ရအောင်ရုန်းကန်နိုင်မလား စောင့်ကြည့်ရမယ်။ ဒါပေမဲ့ လူအယ်ဗာကလည်း အမှတ်လိုနေတဲ့အသင်းပါ။ အိမ်ကွင်းလည်းဖြစ်လို့ လူအယ်ဗာပဲ ရွေးမယ်။



တူးလူး - အော်ဇေး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁ ရက် ည ၁၀:၃၀ နာရီ)

နှစ်သင်းစလုံးအကောင်းဆုံးပုံစံရနေတဲ့အသင်းတွေဖြစ်ပြီး အော်ဇေးရဲ့လက်ရှိခြေစွမ်းနဲ့ (၅)ပွဲဆက်မရှုံးနိမ့်ထားတဲ့ ရလဒ်ပိုင်းတွေက မထင်ရက်စရာကောင်းအောင်တူညီနေတယ်။ အော်ဇေး အနိမ့်ဆုံးသရေပါပဲ။



လိုင်ယွန် - နိုက်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁ ရက် ည ၁၀:၃၀ နာရီ)

 ဒီပွဲကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားပြိုင်နေတဲ့ အသင်း (၂)သင်းထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ ကွာခြားချက်ကြီးကြီးမားမားမရှိလို့ အကြိတ်အနယ်ပွဲစဉ်ကို မြင်တွေ့ရဦးမှာပါ။ လိုင်ယွန်က အိမ်ကွင်းမှာ သမ္ဘာနဲ့ကစားတတ်တဲ့အသင်းဖြစ်ပြီး အခုလည်း သေချာပေါက်အမှတ်ရအောင် ယူဦးမှာပါ။ လိုင်ယွန် အနိမ့်ဆုံးသရေပါပဲ။



မာဆေးလ် - မိုနာကို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂ ရက် နံနက် ၂:၁၅ နာရီ)

နှစ်သင်းစလုံးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်နဲ့ အားပြိုင်မှုအတွက်အရေးကြီးနေပြီး ဧည့်သည်မိုနာကိုထက် အိမ်ရှင် မာဆေးလ်က မဖြစ်မနေနိုင်ပွဲရှာဖို့ ပိုလိုအပ်နေပါတယ်။  နှစ်သင်းစလုံးရာသီအဖွင့်မှာ တာထွက်လှခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ နိုင်ပွဲပျောက်ဆုံးမှုတွေနဲ့အတူ ဇယားထိပ်ဆုံးက လက်ရှိချန်ပီယံ PSG နဲ့ အမှတ်ကွာဟချက် ကြီးမားလွန်းသွားတာပါ။ ခြေစွမ်းအရ မိုနာကိုပိုတည်ငြိမ်ပေမယ့် အိမ်ရှင်အားသာချက်ရှိနေတဲ့ မာဆေးလ်ကိုလည်း လျှော့တွက်လို့မရတာ အမှန်ပါ။ မိုနာကိုတို့ ထိန်းထိန်းသိမ်းသိမ်းကစားပြီးပဲ အမှတ်ရှာဖွေသွားဖို့ရှိနေပါတယ်။ ဂိိုးနည်းသရေလို့ပဲ ထင်တယ်။


READ NEXT
Cancel OK