COVID – 19 ကိုယ်ခံအား ထွက်မထွက် သိရှိရန်စစ်ဆေးသော Reagent အသစ်ကို AA Medical Products ကုမ္ပဏီက တင်သွင်းရန် FDA သို့ တင်ပြထားပြီး ခွင့်ပြုချက် ရရှိပါက Test လေးသောင်းကျော်ကို လှူဒါန်းမည်ဖြစ်ကြောင်း AA Medical Products Ltd ၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
COVID – 19 ရောဂါ ကိုယ်ခံအား ထွက်မထွက် သိရှိရန်စစ်ဆေးသည့် Roche Elecsys Anti SARS – COV – 2 reagent အသစ်ကို Roche Diagnostics ကုမ္ပဏီက ထုတ်လုပ်ပြီး ၂၀၂၀ ပြည့်နှစ် မေ ၂ ရက်တွင် အမေရိကန်နိုင်ငံ FDA တွင် မှတ်ပုံတင်ရခဲ့ရာ နိုင်ငံပေါင်း ၉၈ နိုင်ငံမှ မှာယူတင်သွင်း သုံးစွဲလျက်ရှိကြောင်း၊ ထိုအသစ်ပေါ်လာသော COVID – 19 ကိုယ်ခံအား ထွက်မထွက်သိရှိရန် စစ်ဆေးသော Roche Elecsys Anti SARS – COV – 2 reagent အသစ်ကို မြန်မာနိုင်ငံအစိုးရ၊ ပုဂ္ဂလိကနှင့် တပ်မတော်ဆေးရုံများတွင် ရှေးယခင်ထဲကရှိပြီးဖြစ်သော Roche Cobas e411, Cobas e601, Cobas e801 analyser စက်များတွင် ထည့်၍ စစ်ဆေးနိုင်ကြောင်းနှင့် အဆိုပါစက်များသည် ယခင်ကတည်းက အစိုးရ၊ပုဂ္ဂလိက၊ တပ်မတော်ဆေးရုံများနှင့် ဓာတ်ခွဲခန်းများတွင် အသည်းရောင်အသားဝါ ဘီ၊ စီ၊ အိပ်ချ်အိုင်ဗွီရောဂါများနှင့် ပတ်သက်သည့် ကိုယ်ခံအား ထွက်မထွက်ရှာခြင်းတွင် လည်းကောင်း၊ ကင်ဆာရောဂါများ အခြေအနေ ဆန်းစစ်၍ ကုထုံးများ ဆုံးဖြတ်ရာတွင်လည်းကောင်း၊ လူနာ၏ ဟော်မုန်းရောဂါအခြေအနေစစ်ဆေး၍ ကုထုံးဆုံးဖြတ်ရာတွင် လည်းကောင်း၊ နှလုံးရောဂါ၊ အရိုးရောဂါ၊ သွေးအားနည်း ရောဂါများတွင် ကုထုံးကို စဉ်းစားဆုံးဖြတ်ရန် လည်းကောင်း အထောက်အကူပြု စစ်ဆေးမှုအဖြစ် ဆရာဝန်များ၊ ဆေးရုံများမှ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြသော စက်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ယခု အသစ်ထွက်ပေါ်လာသော Roche Elecsys Anti SARS – COV – 2 reagent အသစ်ကို အသုံးပြုပြီး ကျန်းမာရေးဝန်ထမ်းများ အားလုံးကို လည်းကောင်း၊ ရောဂါပြန့်ပွားမှု များနေသော နေရာဒေသရှိ ပြည်သူများကို လည်းကောင်း စစ်ပေးခြင်းဖြင့် COVID – 19 ရောဂါအခြေအနေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်မည်ဖြစ်ပြီး ကာကွယ်ကုသ ထိန်းချုပ်ရေးအတွက် ချမှတ်ထားသော အစီအစဉ်များ ထိရောက်မှုရှိမရှိ ဆန်းစစ်ရန်နှင့် ပိုမိုကောင်းမွန်အောင် တိုးချဲ့ဆောင်ရွက်ရန် လည်းကောင်း၊ ကာကွယ်ဆေး ထွက်ပေါ်လာချိန်တွင် ကာကွယ်ဆေးထိုးနှံမှုကို အရေးကြီးသည့် အုပ်စုအလိုက် ဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင် အဆင်သင့်ဖြစ်စေရန်အတွက် လည်းကောင်း Real time PCR စစ်ဆေးမှုသည် ယခုလို ကပ်ရောဂါအခြေအနေတွင် ကုန်ကျစရိတ်ကြီးမြင့်သဖြင့် လည်းကောင်း၊ တစ်ကမ္ဘာလုံး PCR Test များ အလုံအလောက် မရသဖြင့် အားလုံးစစ်နိုင်ရန် ခက်ခဲသည့်အတွက်ကြောင့် လည်းကောင်း သုံးရန် အလွန်သင့်တော်ကြောင်းလည်း ဖော်ပြထားသည်။
AA Medical Products ကုမ္ပဏီအနေဖြင့် အမေရိကန် FDA approval ရပြီး ချက်ချင်း မြန်မာနိုင်ငံသို့ တင်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း၊ မေ ၁၁ ရက်တွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦး စီးဌာနသို့ အဆိုပါ Roche Elecsys Anti SARS – COV – 2 reagent ကို Import Recommendation များလျှောက်ထားရန်အတွက် မှတ်ပုံတင်ဆိုင်ရာ စာရွက်စာတမ်းများနှင့်အတူ approval ကို လျှောက်ထားခဲ့ကြောင်းနှင့် အလားတူ မေ ၁၂ ရက်တွင် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးသို့ အဆိုပါ Roche Elecsys Anti SARS – COV – 2 reagent ကို တင်သွင်းအသုံးပြုခွင့်ကို လျှောက်ထားခဲ့ကြောင်း သိရသည်။
AA Medical Products ကုမ္ပဏီအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတွင် အလုပ်လုပ်ကိုင်နေသော ကျန်းမာရေး ဝန်ထမ်းများ၊ Frontliners များ၏ ကိုယ်ခံအား အခြေအနေများ ဆောင်ရွက်နိုင်ရန်အတွက် Test 33000 စာ (တန်ဖိုး သိန်း ၁၁၉၆၂၅၀၀၀) ကို FDA မှ Import Recommendation ရပြီးလျှင် လှူ ဒါန်းရန် မေ ၁၁ ရက်တွင် တင်ပြခဲ့ကြောင်းနှင့် အလားတူ တပ်မတော်ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်များ၊ ကျန်းမာရေး စောင့်ရှောက်သည့် ဝန်ထမ်းများအား စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် Test 10000 စာ (တန်ဖိုးသိန်း ၃၆၂၅၀၀၀၀) ကို လှူဒါန်းရန်လည်း တင်သွင်းအသုံးပြုခွင့်ရပြီးချိန်တွင် လှူဒါန်းရန် တင်ပြလျှောက်ထားခဲ့ကြောင်းလည်း ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
