Top News

ယူအေအီးမှ ပြန်လာသူ ခြောက်ဦးတွင် COVID-19 ရောဂါ ထပ်မံတွေ့ရှိပြီး အတည်ပြုလူနာ ၁၉၉ ဦးရှိလာ
24htopnews | November 30, 2024 2:12 PM CST

ယူအေအီးမှ ပြန်လာသူ ခြောက်ဦးတွင် COVID-19 ရောဂါ ထပ်မံတွေ့ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာ ၁၉၉ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေ ၂၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မေ ၂၀ ရက်၊ ညနေပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၅၉) ခုနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၉၄) ခု၊ စုစုပေါင်း (၂၅၃) ခုကို စစ်ဆေး ပြီးစီးခဲ့ရာတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆) ဦးကို ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများ စစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case- 28, 43, 87 နှင့် 125) ရှိခဲ့သဖြင့် (၂၀-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၈) ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ၁၀၈ ဦးအနက် ၉၈ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK