COVID-19 ကြောင့် ရပ်ဆိုင်းထားသည့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွာ စစ်ဆေးခြင်းများကို ဇွန်လ ၅ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ပြီး ယခင်ပုံစံအတိုင်း စစ်မည်ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက မေလ ၂၀ ရက်နေ့တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“စာစစ်တာ အရင်ပုံစံအတိုင်း စာစစ်မှာပေါ့။ ပြင်ဆင်မှုကတော့ COVID-19 ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လုပ်မှာလေ။ အဲ့ဒါတွေက မေးစရာ လိုသေးလို့လား။ ဒီဟာတွေက တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ စီမံချက်တင်ပြီးတော့ အစီအစဉ် လုပ်ထားတာ” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ စစ်ဆေးရန်အတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ ဆရာမများ သက်ဆိုင်ရာ စာစစ်မည့် တက္ကသိုလ်များသို့ စာစစ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေလွှတ်ပေးရန် မေလ ၁၉ ရက်နေ့တွင် အဆင့်မြင့်ပညာ ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
အဖြေလွှာ စစ်ဆေးခြင်းများကို ဇွန်လ ၅ ရက်နေ့မှ စတင်ကာ စစ်ဆေးမည် ဖြစ်သည့်အတွက် တာဝန်ပေးအပ်ထားသော ဆရာ ဆရာမများအား သက်ဆိုင်ရာ တက္ကသိုလ် စာစစ်ဌာနများသို့ ဇွန်လ ၃ ရက်နေ့အရောက် သတင်းပို့စေရေးအတွက် စေလွှတ်ပေးရန် အကြောင်းကြားသည်ဟု ထုတ်ပြန်ထားသည်။
နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်လုပ်ငန်းများကို မတ်လ နောက်ဆုံးအပါတ်များတွင် လုပ်ဆောင်ကာ ဧပြီလလယ်တွင် အောင်စာရင်းများ ထုတ်ပြန်ပေးလေ့ ရှိသော်လည်း ယခုနှစ်တွင် COVID-19 ကြောင့် စာစစ်လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းဖြစ်သည်။
ယခုနှစ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း စာစစ်လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
