ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများအားလုံး၌ မည်သူမဆို ကျန်း မာရေးစောင့်ရှောက်မှု လာရောက်ခံယူနိုင်ကြောင်း၊ ဆေးကုသမှုခံယူသူများ လုံခြုံမှုရှိစေရန်အတွက် ပြည်နယ်အတွင်း ကျန်းမာ ရေးစောင့်ရှောက်မှုပေးသည့် ဆေးရုံ၊ ဆေးပေးခန်း၊ ကျန်းမာရေးဌာနများအားလုံးကို ‘အကာအကွယ်ပေးထားသည့်နယ်မြေ (Protected Zone) များအဖြစ်သတ်မှတ်ပြီး ရခိုင်၊ ဘင်္ဂါလီ၊ အင်္ဂလိပ်ဘာသာဖြင့် ဆိုင်းဘုတ်များထောင်၍ အသိပေးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ဆေးရုံများအားလုံး၌ မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့်ဘာသာကိုးကွယ်သည် ဖြစ်စေ၊ ကျား/မ ဖြစ်စေ၊ မည်သည့်နိုင်ငံသားဖြစ်စေ ဆေးကုသခွင့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံများနှင့် ကျန်းမာရေးဌာနများအားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း နှင့် ရွေ့လျားဆေးအဖွဲ့များဖြင့် ဆေးကုသပေးခြင်းနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ (ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အာဟာရစောင့်ရှောက်မှုပေးခြင်း၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ) စသည့်လုပ်ငန်းများ ဆောင်ရွက်ရာ၌ လည်းခွဲခြားမှုမျိုးမရှိစေရေးအတွက် ဆောင်ရွက်ထားပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် အောက်ခြေအဆင့်များအားလုံးသို့ ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
လက်ရှိ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီးတွင် လတ်တလောအချက်အလက်များအရ လူဦးရေသုံးထောင်ခန့်ရှိပြီး ၎င်းတို့နှင့် ပတ်သက်၍ ပြီးခဲ့သည့် သြဂုတ်လက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ လာရောက်စဉ် နှစ်နိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ထားရာ လတ်တလောတွင် ICRC နှင့်ပူးပေါင်း၍ လူသားချင်းစာနာမှု အကူအညီပေးရန် စတင်ဆွေးနွေးနေကြောင်း နှင့် စက်တင်ဘာလအတွင်းက ICRC ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများထံ သွားရောက် တွေ့ဆုံဆွေးနွေးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများနှင့် လိုအပ်သည့် ကျန်းမာရေးလုပ်ငန်းများ စိစစ်ရန်လည်း ဆောင်ရွက်ထားကြောင်းနှင့် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပြန်လည် လက်ခံရေးစခန်းနှင့် ကြားစခန်းများတွင် ဆေးပေးခန်းများ ပြင်ဆင်ထားပြီး ကျန်းမာရေးဝန်ထမ်းများ အလှည့်ကျ တာဝန်ချထား ပေးမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မောင်တောဒေသအတွင်းသို့ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းများနှင့် လှဖိုးခေါင်ကြားစခန်းတို့၌ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်းနှင့် ဇူလိုင်လအတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးတို့နှင့်အတူ ပူးပေါင်းလိုက်ပါပြီး မောင်တောဒေသအတွင်းရှိ ပြန်လည်လက်ခံရေးစခန်းများ၊ ကြားစခန်းနှင့် ပြန်လည်နေရာချ ထားပေးမည့် နေရာများသို့ ကွင်းဆင်းပြီးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
