နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအ စည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၇ ရက် သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းချက်ကို အာဆီယံက ဆက်လက်ထောက်ခံသွားမည်ဟု ဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ အာဆီယံခေါင်းဆောင်များက ရခိုင်အရေးကိစ္စသည် သိမ်မွေ့နက်နဲသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများအား ပထမအသုတ်အဖြစ် ပြန်လည်ပို့ဆောင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား သဘောတူညီမှုရရှိခြင်းကို အာဆီယံကကြိုဆိုကြောင်း၊ နေရပ်ပြန်လည်ပို့ဆောင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် လူသားချင်းစာနာမှု အကူအ ညီများပေးအပ်ရေးလုပ်ငန်းစဉ်တွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများညှိနှိုင်းရေးဌာန (AHA Center) က ပူးပေါင်းကူညီပေးနိုင်မည့် အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုလေ့လာရန် မြန်မာနိုင်ငံက AHA Center အားဖိတ်ကြားချက်ကို အာဆီယံက ထောက်ခံကြောင်း၊ နေရပ်ပြန်လာ သူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရာတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိုက်အဝန်း နှစ်ရပ်အကြား သဟဇာတဖြစ်ရေးတို့ကို တိုးမြှင့် ဆောင်ရွက်ရာတွင် လည်းကောင်း၊ တက်ကြွ ၍ အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ရန် အာဆီယံက အဆင်သင့်ရှိနေသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ စိုးရိမ်သံများကို ကြားသိရကြောင်း၊ ပြဿနာဖြေရှင်းရာတွင် ထောက်ခံအားပေးကြသည့် မိတ်ဆွေအာဆီယံအဖွဲ့ဝင် နိုင်ငံများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံး၏ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ ပြန်လည်လက်ခံရေးနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အာဆီယံအနေဖြင့် ကူညီပံ့ပိုးပေးနိုင်မည့် နယ်ပယ်များစွာရှိကြောင်းကို အာဆီယံ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုသတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အာဆီယံထိပ်သီး အစည်းအဝေးအပြီးတွင် (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးဥက္ကဋ္ဌ၏ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံအားပေးကြောင်း ဖော်ပြခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအတွက် ကမ်းလှမ်းမှုများ၊ အပြုသဘောဆောင်သော အကူအညီပေးမှုများနှင့် နားလည်မှုများအပေါ် ကျေးဇူးတင်ကြောင်း၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေးနှင့် တရားဥပဒေစိုးမိုးမှုရှိရေးတို့အတွက် မူလတာဝန်ရှိသူမှာ မိမိတို့ နိုင်ငံသာဖြစ်ပြီး အကောင်းဆုံးဆောင်ရွက်လျက်ရှိကြောင်း အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
