ကုန်သေတ္တာယာဉ်သွားသည့် လမ်းတစ်လျှောက်တွင် CCTV များ တပ်ဆင်နိုင်ရန် ဆောင်ရွက်မည်ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
“ကုန်သေတ္တာယာဉ်သွားတဲ့လမ်းမှာ CCTV တွေထားမယ်လို့ YRTA က ဦးလှအောင်က ပြောထားတယ်။ CCTV ထားမယ့်နေရာက ကုန်သေတ္တာယာဉ်တွေသွားတဲ့ ကွန်ကရစ်လမ်းမကြီး တစ်လျှောက်မှာ ဗိုလ်တထောင်ကနေ လှိုင်သာယာအထွက် လောက်ထိပေါ့။ အဲဒီနားမှာ ထားမယ်ထင်တယ်။ ကုန်ကျမှုလည်း အများကြီး မရှိနိုင်ဘူး” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။
ကုန်သေတ္တာတင်ယာဉ် နောက်ဆွဲများ လမ်းမများပေါ်တွင် ရပ်နားထားပါက စည်ပင်သာယာ ဥပဒေသစ်တွင် ပါရှိသည့် ဒဏ်ငွေငါးသိန်းအထိ ကောက်ခံနိုင်ရန် စီမံချက် ရေးဆွဲနေကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
ကုန်သေတ္တာတင်ယာဉ်များနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၅ ရက်တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကနညမှ တာဝန်ရှိသူများ၊ အကောက်အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ YRTA မှ တာဝန်ရှိသူများနှင့် ကုန်သေတ္တာတင်ယာဉ် အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကုန်တင်ကားတွေက ခေါင်းမရှိဘဲနဲ့ ဘော်ဒီကြီးပဲ ရပ်ထားတာတွေရှိတယ်။ ကညနရဲ့ မော်တော်ယာဉ် ဥပဒေမှာတော့ ရပ်ထားလို့မရတဲ့နေရာမှာ ရပ်ထားရင် အရေးယူ ဆောင်ရွက်မှုအပိုင်းက ဒဏ်ငွေ တစ်သောင်းနဲ့ သုံးသောင်း ပတ်ဝန်းကျင်ပဲရှိတယ်။ အခုစည်ပင်ဥပဒေအသစ်မှာက ဒဏ်ငွေငါးသိန်းအထိပါ ကောက်လို့ရတာ ရှိတယ်။ စည်ပင်သာယာဥပဒေနဲ့ အရေးယူ ဆောင်ရွက်ဖို့ စီမံချက် ရေးဆွဲနေတယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။
ထို့ပြင် YRTA ထိန်းချုပ်မှုအောက်သို့ ကွန်တိန်နာ မော်တော်ယာဉ်များကို ထားရှိသွားမည်ဖြစ်ကြောင်း၊ ထိုမှသာ စည်းစနစ်ကျမည်ဖြစ်ကြောင်း၊ ကွန်တိန်နာယာဉ်များ အားလုံး GPS တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ အရှိန်နှုန်းများကိုလည်း ထိန်းချုပ်ရန်အတွက် YRTA မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း၊ ကုန်သေတ္တာယာဉ်အသင်းမှ တာဝန်ရှိသူများ ပြောကြားချက်အရ အချို့ယာဉ်မောင်းများသည် သက်တမ်းသုံးနှစ် မပြည့်သေးသော်လည်း ကျွမ်းကျင်မှုရှိသဖြင့် အချို့နေရာများတွင် ဖြေလျှော့ပြီး ကျွမ်းကျင်မှုပေါ် မူတည်ကာ ယာဉ်မောင်းလက်မှတ်အနီ ထုတ်ပေးရန် တောင်းဆိုမှုများရှိကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။
ယင်းအပြင် ယာဉ်ထိန်းဘက်မှလည်း ၂၄ နာရီ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအင်အား မမျှတကြောင်း၊ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်မည်ဆိုပါက လိုက်ပါပေးမည်ဟု ပြောကြားကြောင်း၊ ညသန်းခေါင် ကျော်သွားသည့် အခါတွင် ဖမ်းဆီးမှုများပြုလုပ်ပါက ယာဉ်ကြေားပိတ်ဆို့မှုများ ဖြစ်ပွားနိုင်သည့် ကိစ္စများကို ယာဉ်ထိန်းဘက်မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ဦး သန်းနိုင်ဦးက ပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး အကောက်ခွန်ဌာနနှင့် သင်္ဘောလိုင်းများ ၀ိုင်းဝန်းအဖြေရှာပါက ပြေလည်မှုများရှိနိုင်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုခဲ့ကြောင်း၊ ကွန်တိန်နာယာဉ်များအနေဖြင့် ညပိုင်းကုန် တင်ကုန်ချပြုလုပ်ရန်အတွက် အကောက်ခွန် ဦးစီးဌာနသို့ စာရွက်စာတမ်းများဖြင့် အချိန် ပိုစစ်ဆေးပေးရန် တောင်းဆိုလာပါက ဆောင် ရွက်ပေးမည်ဟု အကောက်ခွန်ဦးစီးဌာနမှ ပြောကြားခဲ့ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
