ကျောက်တန်းမြို့နယ်တွင် ဖမ်းဆီးရမိသည့် စစ်တွေနာဇီဒုက္ခသည်စခန်းမှ ဘင်္ဂါလီများအား ရွှေမှော်ဝန်းခန်းမတွင် ထားရှိပြီး အထွေထွေ စောင့်ရှောက်မှုများဖြင့် ဆောင်ရွက်ပေးနေကြောင်း နိုဝင်ဘာ ၁၇ ရက်က ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ပြောကြားသည်။
“ဒီနေ့ မနက်မှာတော့ လူကယ်ပြန်က တာဝန်ရှိသူတွေနဲ့ သူတို့အသေးစိတ် အချက်အလက် စစ်ဆေးမေးမြန်း ဆောင်ရွက်နေတယ်။ ညကတော့ ဘင်္ဂါလီ ၁၀၆ ဦးတော့ ကျောက်တန်း ရွှေမှော်ဝန်းခန်းမ ထားတာပါတယ်။ ကျွန်တော်က နောက်ဆုံးဆောင်ရွက်မယ့် အခြေအနေကိုတော့ မသိရသေးဘူး။ ကျွန်တော်က သန်လျင်ဘက်က အစည်းအဝေးတစ်ခု ရောက်နေတာ။ လက်ရှိမှာတော့ လူကယ်ပြန်လာပြီး သူတို့ဒီကိစ္စပေါ်မှာ ဘယ်လိုဆောင်ရွက်နေလည်းဆိုတဲ့ နောက်ဆုံးသတင်းတော့ မသိရသေးပါဘူး” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ပြောကြားသည်။
လက်ရှိအချိန်တွင် ဘင်္ဂါလီ ၁၀၀ ကျော်အား ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဘင်္ဂါလီများအား နိုဝင်ဘာ ၁၆ ရက်တွင် အလှူရှင်များက အစားအသောက်များ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဘင်္ဂါလီများထားရှိသည့် နေရာသို့ ပြည်တွင်းပုဂ္ဂလိက မီဒီယာများကို သတင်းရယူခွင့်မပေးဘဲ နိုင်ငံပိုင် မီဒီယာများကိုသာ သတင်းရယူခွင့် ပေးခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် ပြည်တွင်းမီဒီယာများ၏ ပြောကြားချက်အရ သိရသည်။
နိုဝင်ဘာ ၁၆ ရက် နံနက် ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကမာကလုတ်အပိုင် ကုလားတန်းကျေးရွာအုပ်စု သံတဲကျေးရွာအနီး ရန်ကုန်မြစ်ဝ ပင်လယ်ကမ်းစပ်၌ ဘင်္ဂါလီတစ်ရာကျော်ခန့် လှေတစ်စီးကို ရေလုပ်သားတစ်ဦးက တွေ့ရှိ၍ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြောင်း၊ သက်ဆိုင်ရာက သွားရောက်စစ်ဆေးရာ ဘင်္ဂါလီလှေမှာ လွန်ခဲ့သော ၂၅ ရက်ခန့်က စစ်တွေနာဇီဒုက္ခသည်စခန်းမှ ထိုင်းနိုင်ငံသို့သွားရန် ထွက်လာခြင်းဖြစ်ကြောင်း၊ ထို့နောက် ခြောက်ရက်ခန့်အကြာလမ်းတွင် ရေတပ်နှင့် တွေ့ရှိရပြီး ရေတပ်မှ မိမိနေရပ်သို့ ပြန်ခိုင်းကြောင်း၊ ရေတပ်နှင့်တွေ့ပြီး တစ်ပတ်ခန့်အကြာ ထပ်မံတွေ့စဉ် ရေတပ်မှ မိမိနေရပ် နာဇီဒုက္ခသည်စခန်းသို့ ပြန်ခိုင်းကြောင်း၊ လွန်ခဲ့သော သုံးရက်ခန့်က ရေတပ်နှင့် ထပ်မံတွေ့ဆုံပြီး ရေတပ်မှ မိမိနေရပ်သို့ ပြန်ခိုင်းသဖြင့် ပြန်လာစဉ် လမ်းကြောင်းမှားကား ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ အဆိုပါ လှေပေါ်တွင် ကျား ၅၀ ဦး၊ မ ၃၂ ဦး၊ ကလေး ကျား ကိုးဦးနှင့် မ ၁၁ ဦး စုစုပေါင်း ၁၀၂ ဦး ပါရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၏ လူမှုကွန်ရက်စာမျက်နှာတွင် ယင်းသို့ ရောက်ရှိလာသူများအား ယာယီထားရှိသည့် အဆောက်အဦးမှာ ကျန်းမာရေးနှင့် ညီညွတ်မှု မရှိခြင်း၊ လုံခြုံရေးအရ စိတ်ချရသည့်ခန်းမ ဖြစ်နေခြင်းများကြောင့် ပိုမိုကောင်းမွန်သည့်နေရာ စီစဉ်ပေးရန်၊ မြို့နေလူထု စိုးရိမ်ပူပန်မှုများကို ပြည်ထောင်စုအစိုးရ တာဝန်ရှိသူများကို တင်ပြခဲ့ကြောင်း ရေးသားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
